လီဗာပူးလ္ ဂႏၱဝင္ ကစားသမား ကာေရဂါက စပါး နည္းျပ ေမာ္ရင္ဟုိဟာ စပါး နည္းျပေဟာင္း ပိုခ်က္တီႏုိရဲ႕ အဆင့္ကုိ ေရာက္ဖုိ႔ လူသစ္ (၅) ဦး ဝယ္ဖုိ႔ လုိမယ္လုိ႔ ေျပာသြားတာ ျဖစ္ပါတယ္။ စပါးအသင္းဟာ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြကုိ ေရာက္ရွိေစခဲ့တဲ့ စပါးနည္းျပေဟာင္း ပုိခ်ယ္တီႏုိကုိ ထုတ္ပယ္ခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပေဟာင္း ေမာ္ရင္ဟုိကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္သြားခဲ့ပါတယ္။

Photo Credit: Dailymail

စပါးအသင္းဟာ နည္းျပေဟာင္း ပုိခ်က္တီႏုိရဲ႕ လက္ေအာက္မွာ ပရီးမီးယားလိဂ္ ဖလား ရရွိလုနီးပါး ျဖစ္ခဲ့သလုိ၊ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြကုိလည္း နည္းျပ ပုိခ်က္တီႏုိကုိ ထုတ္ပယ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း၊ လီဗာပူးလ္ ကစားသမားေဟာင္း ကာေရဂါက လက္ရွိ နည္းျပ ေမာ္ရင္ဟုိဟာ နည္းျပေဟာင္း ပုိခ်ယ္တီႏုိရဲ႕ အဆင့္ကုိ ေရာက္ဖုိ႔ လူသစ္ ေခၚယူရမယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Dailymail

Sky Sports မွာ ကာေရဂါက “နည္းျပ ပုိခ်ယ္တီကုိက လိဂ္ဖလားကုိ ရႏုိင္တဲ့ နည္းျပ ျဖစ္မယ္လုိ႔ ကြ်န္ေတာ္ ေတြးခဲ့ဖူးပါတယ္။ ေမာ္ရင္ဟုိက အခု နည္းျပ ျဖစ္ေနပါၿပီ။ တကယ္လုိ႔ ေမာ္ရင္ဟုိက သူ႔ရဲ႕ ပုံစံနဲ႔ ကစားခ်င္ရင္ လက္ရွိ ကစားသမားေတြက သူ႔ရဲ႕ ကစားပုံစံေတြနဲ႔ က်င့္သားမရေတာ့ သူ ပိုခ်က္တီႏုိရဲ႕ အဆင့္ကုိ ေရာက္ဖုိ႔ လူသစ္ (၄) ဒါမွမဟုတ္ (၅) ဦး လုိမွာပါ”လုိ႔ ေျပာပါတယ္။

Photo Credit: Dailymail

စပါးအသင္းဟာ နည္းျပ ေမာ္ရင္ဟုိကုိ နည္းျပသစ္ အျဖစ္ ခန္႔အပ္ၿပီးခါစမွာ ႏုိင္ပဲြေတြ ရရွိခဲ့ေပမဲ့ ေနာက္ပုိင္းမွာ ပုံစံ ပ်က္လာခဲ့ၿပီး လက္ရွိမွာ ရမွတ္ (၃၀) နဲ႔ အဆင့္ (၈) မွာ ရပ္တည္ေနပါတယ္။ စပါးအသင္းဟာ ပုိခ်က္တီႏုိရဲ႕ လက္ထက္မွာ ခ်န္ပီယံလိဂ္ျပိဳင္ပဲြကုိ ႏွစ္တုိင္းလုိလုိ ဝင္ႏုိင္ခဲ့ေပမဲ့ နည္းျပသစ္ ေမာ္ရင္ဟုိရဲ႕ လက္ထက္မွာ ခ်န္ပီယံလိဂ္ ျပိဳင္ဝင္ခြင့္ရဖုိ႔ ခက္ခဲေနၿပီပဲ ျဖစ္ပါတယ္။

{Unicode}

လီဗာပူးလ် ဂန္တဝင် ကစားသမား ကာရေဂါက စပါး နည်းပြ မော်ရင်ဟိုဟာ စပါး နည်းပြဟောင်း ပိုချက်တီနိုရဲ့ အဆင့်ကို ရောက်ဖို့ လူသစ် (၅) ဦး ဝယ်ဖို့ လိုမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိစေခဲ့တဲ့ စပါးနည်းပြဟောင်း ပိုချယ်တီနိုကို ထုတ်ပယ်ခဲ့ပြီး ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။

Photo Credit: Dailymail

စပါးအသင်းဟာ နည်းပြဟောင်း ပိုချက်တီနိုရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် ဖလား ရရှိလုနီးပါး ဖြစ်ခဲ့သလို၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း၊ လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါက လက်ရှိ နည်းပြ မော်ရင်ဟိုဟာ နည်းပြဟောင်း ပိုချယ်တီနိုရဲ့ အဆင့်ကို ရောက်ဖို့ လူသစ် ခေါ်ယူရမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

Sky Sports မှာ ကာရေဂါက “နည်းပြ ပိုချယ်တီကိုက လိဂ်ဖလားကို ရနိုင်တဲ့ နည်းပြ ဖြစ်မယ်လို့ ကျွန်တော် တွေးခဲ့ဖူးပါတယ်။ မော်ရင်ဟိုက အခု နည်းပြ ဖြစ်နေပါပြီ။ တကယ်လို့ မော်ရင်ဟိုက သူ့ရဲ့ ပုံစံနဲ့ ကစားချင်ရင် လက်ရှိ ကစားသမားတွေက သူ့ရဲ့ ကစားပုံစံတွေနဲ့ ကျင့်သားမရတော့ သူ ပိုချက်တီနိုရဲ့ အဆင့်ကို ရောက်ဖို့ လူသစ် (၄) ဒါမှမဟုတ် (၅) ဦး လိုမှာပါ”လို့ ပြောပါတယ်။

Photo Credit: Dailymail

စပါးအသင်းဟာ နည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးခါစမှာ နိုင်ပွဲတွေ ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပုံစံ ပျက်လာခဲ့ပြီး လက်ရှိမှာ ရမှတ် (၃၀) နဲ့ အဆင့် (၈) မှာ ရပ်တည်နေပါတယ်။ စပါးအသင်းဟာ ပိုချက်တီနိုရဲ့ လက်ထက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းလိုလို ဝင်နိုင်ခဲ့ပေမဲ့ နည်းပြသစ် မော်ရင်ဟိုရဲ့ လက်ထက်မှာ ချန်ပီယံလိဂ် ပြိုင်ဝင်ခွင့်ရဖို့ ခက်ခဲနေပြီပဲ ဖြစ်ပါတယ်။