ဂွတ်ဒီဆင်ပတ်မှာ ဘောလုံးရာသီတစ်ခု ဖြတ်သန်းသွားခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လက်ရှိမှာတော့ သူရဲ့ဆရာသမားဖြစ်သူ နည်းပြကားလို့အန်စလော့တီက အဲဗာတန်ကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်တာကြောင့် သူရဲ့အဲဗာတန်ကစားသမားဘဝ အနာဂတ်အခြေအနေက မသေချာတော့ပဲ အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Football Italia

အသက်(၂၉)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကွင်းလယ် Playmaker ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ နွေကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမာ့့်တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်တဲ့ Option မျိုးကို ထည့်သွင်းထားခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ဟာ အဲဗာတန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာသွားဖို့ စီစဉ်လာခဲ့သလို သူ့ကိုလည်း အသက်လက်တီကိုမက်ဒရစ် အေစီမီလန်နဲ့ နာပိုလီတို့လို ထိပ်တန်းကလပ်အသင်းတွေကနေ အပြိုင်ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : AS English

ဂျိမ်းစ်ဟာ ရီးယဲလ်ကနေ ထွက်ခွာသွားဖို့ စတင်ပြင်ဆင်ချိန်တုန်းက ရီးယဲလ်ရဲ့ မြို့ခံအသင်း အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ရောက်ရှိဖို့ အလားအလာကောင်းခဲ့ပေမယ့် သူရဲ့ဆရာဟောင်း အန်စလော့တီက အဲဗာတန်မှာ လာရောက်ကစားဖို့ ကမ်းလှမ်းလာခဲ့တာကြောင့် အသက်လက်တီကိုထက် အဲဗာတန်ကိုသာ ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ ဂျိမ်းစ်ကိုယ်တိုင် ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာ သူအားထားရတဲ့ နည်းပြကြီးကလည်း အဲဗာတန်နဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်သလို ကိုပါအမေရိကပြိုင်ပွဲ ဆင်နွဲနေတဲ့ ကိုလံဘီယာအသင်းကပါ သူ့ကို လူစာရင်းကနေ ချန်လှပ်ထားခဲ့တာကြောင့် ဂျိမ်းစ်အနေနဲ့ အဲဗာတန်ကနေ ပြန်လည်ထွက်ခွာလိုနေပြီး သူ ကျင်လည်ခဲ့ဖူးတဲ့ စပိန်မြေကို ပြန်သွားဖွယ်လည်း ရှိနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြသစ် ဖြစ်လာခဲ့တဲ့ အန်စလော့တီအနေနဲ့ ဂျိမ်းစ်ကို ရီးယဲလ်အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖွယ်လည်း ရှိနေတဲ့အပြင် အသက်လက်တီကိုအသင်းကလည်း အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် စပိန်ကွင်းလယ်ကစားသမား ဆာအူးရဲ့နေရာမှာ ဂျိမ်းစ်နဲ့ ပြန်လည်အစားထိုုးဖွယ် ရှိနေတာကြောင့် လာမယ့်ဘောလုံးရာသီမှာတော့ လာလီဂါမှာပဲ ဂျိမ်းစ်ကို ပြန်လည်မြင်တွေ့လာရနိုင်ပါတယ်။