မန္ယူ ေတာင္ပံ ကစားသမား ဂ်ိမ္းကေတာ့ မန္ယူအသင္းကို ေရာက္လာတာ ဆုဖလားေတြကုိ ရယူဖုိ႔ပါလုိ႔ ကာရာေဘာင္ ဖလား ဆီးမီးဖုိင္နယ္မွာ ေတြ႔ရမယ့္ မန္စီးတီးကုိ ေျပာသြားခဲ့ပါတယ္။ နည္းျပ ဆုိးလ္ရွားရဲ႕ မန္ယူအသင္းဟာ ယေန႔ည၊ (၂း၃၀) အခ်ိန္မွာ နည္းျပ ပက္ ဂြါဒီယုိလာရဲ႕ မန္စီးတီးအသင္းနဲ႔ ကာရာေဘာင္ ဖလား ဆီးမီး ဖုိင္နယ္ ပထမအေက်ာ့ ကစားမွာ ျဖစ္ပါတယ္။

Photo Credit: Goal

ေဝးလ္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ဂ်ိမ္းဟာ (၂၀၁၉) ခုႏွစ္ ေႏြရာသီ အေျပာင္းအေရြ႕ ကာလမွာ ဆြမ္ဆီးအသင္းကေန မန္ယူအသင္းကို အၿပီးသတ္ ေျပာင္းလာခဲ့တာပဲ ျဖစ္ပါတယ္။ ဂ်ိမ္းဟာ လက္ရွိရာသီမွာ မန္ယူအသင္းအတြက္ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၀) ပဲြ ကစားၿပီးရာမွာ သြင္းဂုိး (၃) ဂုိး နဲ႔ ဂုိးဖန္တီးမႈ (၆) ႀကိမ္ ျပဳလုပ္ထားၿပီး ပုံမွန္ ပဲြထြက္ခြင့္ ရရွိေနလ်က္ ျဖစ္ပါတယ္။

Photo Credit: Goal

မန္ယူအသင္းဟာ မန္စီးတီးအသင္းနဲ႔ ကစားသြားခဲ့တဲ့ ေနာက္ဆုံး ပဲြစဥ္မွာ (၁-၂) နဲ႔ အႏုိင္ရခဲ့ၿပီး ဂ်ိမ္းကေတာ့ မန္စီးတီးအသင္းကို ေနာက္တစ္ႀကိမ္ အႏုိင္ျပန္ရဖုိ႔ ေမွ်ာ္လင့္ေနလ်က္ ရွိပါတယ္။ မန္ယူ နဲ႔ ေဝးလ္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ဂ်ိမ္းက မန္စီးတီးအသင္းနဲ႔ ကစားရမယ့္ ကာရာေဘာင္ ဖလားဟာ ႏွစ္ေက်ာ့ ပဲြစဥ္ ျဖစ္လုိ႔ ပဲြႀကီးပဲြေကာင္း ျဖစ္လာလိမ့္မယ္လုိ႔ ေျပာပါတယ္။

Photo Credit: Goal

ဂ်ိမ္းက “ကြ်န္ေတ္ာ မန္ယူအသင္းကို ေရာက္လာကတည္းက အဓိက အရာက ဆုဖလားေတြကုိ ရယူဖုိ႔ပါ။ ဒါက ကြ်န္ေတာ္ လုပ္ခ်င္တဲ့ အရာပါပဲ။ ႏွစ္ေက်ာ့ ကစားရမွာ ဆုိေတာ့ ပဲြႀကီးပဲြေကာင္း ျဖစ္လာမွာပါ။ ဒါေပမဲ့ ကြ်န္ေတာ္တုိ႔အသင္း ဦးေမာ့ၿပီး ေက်ာ္ျဖတ္ႏုိင္မယ္လုိ႔ေတာ့ ထင္ပါတယ္။ ျမင္သာတာက ကြ်န္ေတာ္တုိ႔အသင္း ဒီဇင္ဘာလမွာ ရလဒ္ေကာင္းေတြ ရရွိခဲ့ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်ယူ တောင်ပံ ကစားသမား ဂျိမ်းကတော့ မန်ယူအသင်းကို ရောက်လာတာ ဆုဖလားတွေကို ရယူဖို့ပါလို့ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ်မှာ တွေ့ရမယ့် မန်စီးတီးကို ပြောသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ယနေ့ည၊ (၂း၃၀) အချိန်မှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကာရာဘောင် ဖလား ဆီးမီး ဖိုင်နယ် ပထမအကျော့ ကစားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဝေးလ် လက်ရွေးစင် တောင်ပံ ကစားသမား ဂျိမ်းဟာ (၂၀၁၉) ခုနှစ် နွေရာသီ အပြောင်းအရွေ့ ကာလမှာ ဆွမ်ဆီးအသင်းကနေ မန်ယူအသင်းကို အပြီးသတ် ပြောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဂျိမ်းဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၃) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားပြီး ပုံမှန် ပွဲထွက်ခွင့် ရရှိနေလျက် ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားသွားခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာ (၁-၂) နဲ့ အနိုင်ရခဲ့ပြီး ဂျိမ်းကတော့ မန်စီးတီးအသင်းကို နောက်တစ်ကြိမ် အနိုင်ပြန်ရဖို့ မျှော်လင့်နေလျက် ရှိပါတယ်။ မန်ယူ နဲ့ ဝေးလ် လက်ရွေးစင် တောင်ပံ ကစားသမား ဂျိမ်းက မန်စီးတီးအသင်းနဲ့ ကစားရမယ့် ကာရာဘောင် ဖလားဟာ နှစ်ကျော့ ပွဲစဉ် ဖြစ်လို့ ပွဲကြီးပွဲကောင်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်

Photo Credit: Goal

ဂျိမ်းက “ကျွန်တေ်ာ မန်ယူအသင်းကို ရောက်လာကတည်းက အဓိက အရာက ဆုဖလားတွေကို ရယူဖို့ပါ။ ဒါက ကျွန်တော် လုပ်ချင်တဲ့ အရာပါပဲ။ နှစ်ကျော့ ကစားရမှာ ဆိုတော့ ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ဦးမော့ပြီး ကျော်ဖြတ်နိုင်မယ်လို့တော့ ထင်ပါတယ်။ မြင်သာတာက ကျွန်တော်တို့အသင်း ဒီဇင်ဘာလမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။