မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒင်နီရယ်ဂျိမ်းစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရပေမယ့် လတ်တလောမှာ ထွက်ပေါ်နေသလို အသင်းပြောင်းရွှေ့တာတွေ အငှားနဲ့ထွက်ကစားတာတွေ ပြုလုပ်သွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်ပြီး နေရာတစ်ရာ ပြန်လည်ပိုင်ဆိုင်လာဖို့အတွက်ကိုပဲ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : BBC

အသက်(၂၃)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမား ဒင်နီရယ်ဂျိမ်းစ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဆွမ်ဆီးစီးတီးအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင်(၁၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီအစပွဲစဉ်တွေမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတေ့ သူရဲ့ခြေစွမ်းက တဖြည်းဖြည်းကျဆင်းလာခဲ့ရပြီး သူရဲ့နေရာကိုလည်း လူငယ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်က ရယူသွားနိုင်ခဲ့ပါတယ်။ ဒင်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ပါဝင်ကစားထားရလို့ လာမယ့်ဆောင်းစျေးကွက်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့တာကို ဂျိမ်းစ်က ပယ်ချလိုက်ပါတယ်။

Photo Credit : Metro

ဂျိမ်းစ်က “မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော်ရဲ့အသင်းပါ။ ကျွန်တော် ဒီအသင်းမှာ ရှိနေရတာကို အရမ်းနှစ်သက်တယ်။ အသင်းမှာ ပါဝင်ရရ မရရ ကျွန်တော်ဒီမှာရှိနေတာကိုပဲ အရမ်းဂုဏ်ယူမိတယ်။ ကျွန်တော်အနေနဲ့ ဝေးလ်လက်ရွးစင်အသင်းအတွက်ရော ယူနိုက်တက်အသင်းအတွက်ပါ ပါဝင်ကစားနေရတဲ့အပေါ် အရမ်းဂုဏ်မိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းမှာ ကျွန်တော်ပွဲထွက်ကစားခွင့်တွေ များစွာပိုင်ဆိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပွဲထွက်ခွင့်တွေက နည်းပါးနေခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီမှာပဲ ဆက်ရှိနေမှာပါ။ ဒီအတွေးရဲ့ဆန့်ကျင့်ဘတ်ကိုလည်း ဘယ်တော့မှ တွေးတောမိမှာလဲ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုခဲ့ပြီး နေရာတစ်ရာ ပိုင်ဆိုင်နိုင်ဖို့အတွက်ပဲ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှမလုပ်ဆောင်ထားနိုင်ခဲ့တဲ့ ဒင်နီရယ်ဂျိမ်းစ်ဟာ သူရဲ့ဝေးလ်စ်အသင်းမှာတော့ ခြေစွမ်းပြနေပြီး ဖင်လန်အသင်းကို အနိုင်ရခဲ့တဲ့ Nations League ပွဲစဉ်အတွင်းမှာလည်း အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုးကို ဧရိယာအပြင်ဘက်ကနေ သွင်းယူခဲ့သလို တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့ပါ ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။