ပရီးမီးယားလိဂ် အသင်းတွေဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်းကြောင့် အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ဘဏ္ဍာရေး အခက်အခဲ ရှိလာကြပြီး မန်ယူအသင်းအနေနဲ့လည်း ဆန်ချိုကို ပေါင် သန်း (၁၀၀) နဲ့ အထက် ပေးပြီး ခေါ်ယူဖို့ ခက်ခဲလျက် ရှိပါတယ်။ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်းကြောင့် ဆန်ချုကို ခေါ်ယူနိုင်ဖို့ ဒေါ့မွန်အသင်းကို ပေါင် သန်း (၁၀၀) ပေးဖို့ အခက်အခဲ ရှိနေပြီး ဒေါ့မွန်အသင်းအနေနဲ့ လက်ရှိ သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကို မလျှော့ဘူး ဆိုရင် အပြောင်းအရွေ့ ဖြစ်မြောက်ဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။

Photo Credit: TheSun

ပရီးမီးယားလိဂ် အသင်းတွေဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်းကြောင့် ရာသီသစ်  ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပရိသတ်တွေ မပါဘဲ ဆက်လက် ကစားရမှာ ဖြစ်ပြီး ပွဲစဉ် အားလုံး (၃၈) ပွဲစလုံးကို ပရိသတ် မပါဘဲ ကွင်းပိတ် ကစားရမယ် ဆိုရင် ငွေကြေး အမြောက်အများ ဆုံးရှုံးရဖို့ များပါတယ်။ လက်ရှိ အင်္ဂလန် နိုင်ငံ နဲ့ ဥရောပ နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု ပြန်မြင့်လာတာကြောင့် ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်း အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပြီး အရင်ကထက် ကူးစက်မှု ပိုပြီး မြန်ဆန်တဲ့ ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်းကြောင့် ပွဲလမ်းသဘင်တွေ ပြုလုပ်ဖို့ ခက်ခဲသထက် ခက်ခဲလာပါတယ်။

Photo Credit: TheSun

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားရမယ် ဆိုရင် ပွဲစဉ် (၁) ပွဲကို ပေါင် (၅) သန်းဝန်းကျင့် ဆုံးရှုံးသွားတော့မှာ ဖြစ်ပြီး ပွဲစဉ် (၃၈) ပွဲစလုံးကို ကွင်းပိတ် ကစားရမယ် ဆိုရင် ပေါင် သန်း (၁၉၀) ဆုံးရှုံးနိုင်ချေ ရှိပါတယ်။ TheSun သတင်းက ဂျာမနီ ဘွန်ဒက်စ်လီဂါ ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုရဲ့ ပြောင်းရွေ့ကြေးကို မလျှော့ချပါက မန်ယူအသင်းအနေနဲ့ ကိုရိုနာ ဗိုင်းရပ် ဒုတိယလိုင်းကြောင့် ငွေကြေး ခက်ခဲနေပြီး ဆန်ချိုကို ခေါ်ယူဖို့ ဖြစ်နိုင်ချေ မရှိပါဘူးလို့ အခိုင်အမာ ဖော်ပြရေးသားသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အချို့ အသင်းတွေဟာ ကစားသမားသစ်တွေကို ခေါ်ယူချင်တာ ဖြစ်ပေမယ့် ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဘဏ္ဍာရေး အခက်အခဲ ရှိနေပြီး လက်ရှိ အသင်းရဲ့ ကစားသမားတွေကို လစာပေးဖို့ ရှိနေတာကြောင့်လည်း လူသစ် ခေါ်ယူဖို့ ပိုပြီး ခက်ခဲနေကြပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့  မန်ယူအသင်းဟာ စနေနေ့ညက၊ အက်စတွန်ဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ်မှာ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်ကိုတော့ နောက်ပတ် ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။