MySport Myanmar

ချယ်လ်ဆီးက အင်္ဂလန်မှာ အကြီးမားဆုံးအသင်းပါလို့ ဟက်ထရစ်ရှင် ဂျက်ဆန် ကြွေးကြော်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နီကိုလပ်စ် ဂျက်ဆန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၁-၄ ချယ်လ်ဆီး ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ အသင်းကို အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ အင်္ဂလန်မှာ အကြီးမားဆုံးအသင်းပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

နီကိုလပ်စ် ဂျက်ဆန်ရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွာနေတဲ့ မြို့ခံပြိုင်ဘက် စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ဂျက်ဆန်ဟာ ပါလ်မာ ၊ စတာလင်းတို့နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Football 365

အဆိုပါပွဲမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ နီကိုလပ်စ် ဂျက်ဆန် ၊ စတာလင်းနဲ့ ပါလ်မာတို့ကို ထုတ်သုံးခဲ့သလို ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်ဇ် ၊ ဂါလက်ချာနဲ့ ကိုင်စီဒိုတို့ကို တွဲသုံးခဲ့ကာ ခံစစ်ပိုင်းမှာတော့ ကိုးလ်ဝဲလ် ၊ ဆေးလ်ဗား ၊ ဒီဆာဆီနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် ရစ်စီဂျိမ်းစ်တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စပါးနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြခဲ့ကြပြီး စပါးက ၂ယောက်လျော့နဲ့ မိနစ် ၄၀ကျော်ကြာ ကစားခဲ့ရပေမယ့် နောက်ဆုံးမိနစ် အထိ တိုက်ပွဲဝင်သွားခဲ့သလို ချယ်လ်ဆီးကလည်း တသင်းလုံးနီးပါး အတွဲညီညီနဲ့ ကစားကာ အဝေးကွင်းမှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

စပါး ၁-၄ ချယ်လ်ဆီး ပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ ဒီရာသီမှာ ချယ်လ်ဆီးရဲ့ အကောင်းဆုံးခြေစွမ်းလို့တောင် ပြောနိုင်ပြီး အဆိုပါပွဲမှာ ချယ်လ်ဆီးအတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆန်ကတော့ သူတို့အသင်းဟာ အင်္ဂလန်မှာ အကြီးဆုံးကလပ်ပါလို့ ဆိုလာပါတယ်။

နီကိုလပ်စ် ဂျက်ဆန်က – “ကျွန်တော်က အင်္ဂလန်နိုင်ငံမှာ အကြီးမားဆုံးအသင်း အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တာပါ” လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version