အက်စတွန် ဗီလာ ကြယ်ပွင့် ဂရီလစ်ချ်ကတော့ အစိုးရ လမ်းညွန်ချက်တွေကို ချိုးဖောက်ပြီး ညဘက် ပါတီသွားခဲ့တယ်လို့ ဝန်ခံသွားခဲ့တာကြောင့် သူ့ရဲ့ အသင်း၊ အက်စတွန်ဗီလာအသင်းက သူ့ကို ဒဏ်ငွေ ပေါင် (၁) သိန်းခွဲ၊ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၂) ထောင်ခွဲကျော် ချမှတ်ခဲ့ပါတယ်။ တောင်ပံ ကစားသမား အဖြစ်နဲ့ရော ကွင်းလယ် တိုက်စစ်မှူး အဖြစ်နဲ့ပါ ကစားတဲ့ ဂရီလစ်ချ်ဟာ ပါတီက ထွက်သွားတဲ့ အချိန်မှာ ကားပါကင်က ကား (၂) စီးကို တိုက်မိခဲ့ပြီး ပြီးခဲ့တဲ့ တလောက သူ့ရဲ့ အပြုအမှုအတွက် တောင်းပန်ပါတယ်လို့ လူမှုကွန်ရက်ကနေ ပြန်လည် ပြောပြခဲ့ပါတယ်။

Photo Credit: Dailymail

အက်စတွန်ဗီလာအသင်းဟာ ဂရီလစ်ချ်ရဲ့ လုပ်ရပ်ကို သိရှိသွားခဲ့တဲ့ အခါမှာ ဒဏ်ငွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ နှစ်လစာ၊ ပေါင် (၁၅၀,၀၀၀) ဒဏ်ငွေ ချမှတ်မှာ ဖြစ်ပြီး သူ့ရဲ့ ဒဏ်ငွေတွေ အားလုံးကို ပရဟိတအဖွဲ့အစည်းဆီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်လို့ ထုတ်ပြန်သွားလိုက်ပါတယ်။ ဂရီလစ်ချ်ဟာ ပါတီကို မသွားခင်မှာ လှုမှုကွန်ရက်ကနေ အစိုးရရဲ့ အကြံပေးမှုကို နားထောင်ပြီး အိမ်မှာ နေကြပါလို့ တိုက်တွန်းခဲ့ပေမဲ့လည်း သူကိုယ်တိုင် မလိုက်နာဘဲ အပြင် ထွက်သွားခဲ့တဲ့ အတွက်ကြောင့် ဒဏ်ငွေ ကျပ် သိန်း (၂) ထောင်ခွဲကျော်အထိ ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အက်စတွန်ဗီလာအသင်း ခေါင်းဆောင် ဂရီလစ်ချ်ဟာ သူ့ရဲ့ အမှားကို ပြန်ဆင်ခြင်မိတဲ့ အခါမှာ သူ့ရဲ့ လုပ်ရပ်အတွက် လှုမှုကွန်ရက်ကနေ ပြန်လည် တောင်ပန်းသွားခဲ့ပြီး သူက သူလုပ်ခဲ့တဲ့ အမှားလိုမျိုး အခြားသူတွေ အနေနဲ့လည်း မပြုလုပ်ကြဖို့အတွက် တိုက်တွန်းပါတယ်လို့ ပြောဆိုသွားပါတယ်။ ဂရီလစ်ချ်က “ကျွန်တော် ဗီဒီယိုအတို တင်မှာ ဖြစ်ပြီး ဒီအပတ်မှာ ဖြစ်ခဲ့တဲ့ ရှက်စရာ လုပ်ရပ်ကို ပြောပြချင်ပါတယ်။ လက်ရှိမှာ အိမ်ထဲ ပိတ်ခံကြရတာကြောင့် လူတိုင်းအတွက် ခက်ခဲမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့် သူငယ်ချင်းက အပြင် သွားဖို့ ခေါ်တာကြောင့် ကျွန်တော်က သဘောတူခဲ့မိပါတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ အမှားလိုမျိုး အခြားသူတွေလည်း မလုပ်မိကြဖို့ကို ကျွန်တော် ပြောချင်ပါတယ်။ လူတိုင်း အိမ်မှာပဲ နေကြပါ”လို့ ပြန်လည် တောင်းပန်ခဲ့ပါတယ်။