MySport Myanmar

လက်စတာ အသင်းသားတွေ စပါးကို အနိုင်ကစားဖို့အတွက် မက်လုံးပေးလိုက်သူလေး

လက်စတာစီးတီးအသင်းကို အားပေးနေသူတစ်ဦးလည်းဖြစ်ပြီး Fanvue ဝက်ဆိုက်မှာပါ ပုရိသာ ညိုကီများအကြိုက် ဓါတ်ပုံတွေကို တင်ဆက်ပေးနေတဲ့ ဘော်နီဘရောင်းဆိုတဲ့ အမျိုးသမီးလေးက ဒီနေ့ညမှာ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း နိုင်ပွဲရခဲ့မယ်ဆိုရင် လက်စတာ အသင်းသားတွေအနေနဲ့ သူမရဲ့ ညို့အားပြင်းလှတဲ့ x-rated ဓါတ်ပုံတွေကို တဝကြီး ကြည့်ရှုခွင့်ရမယ်လို့ မက်လုံးပေးလိုက်ပါတယ်။

Photo Credit : The Sun

ဘရန်ဒန်ရော်ဂျာစ်ရဲ့ လက်စတာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ မထင်ထားလောက်အောင် အတော်လေး ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ (၆)ပွဲကစား နိုင်ပွဲမရှိသေးပဲ သရေတစ်မှတ်လေးသာ ပိုင်ဆိုင်ထားသလို ရာသီအဖွင့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သရေကျခဲ့ပြီး နောက်ပိုင်းပွဲတွေ ဆက်တိုက် ရှံးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေဆိုးနေတဲ့ လက်စတာက ဒီကနေ့မှာပဲ ဒီရာသီထဲ ပရီးမီးယားလိဂ် ရှုံးပွဲမရှိသေးတဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ ရလဒ်ထပ်ဆိုးရနိုင်ခြေ ပိုများနေတဲ့အတွက် လက်စတာ ပရိသတ်လေး ဘရောင်းက လက်စတာအသင်းသားတွေကို motivate လုပ်ပေးတဲ့အနေနဲ့ မက်လုံးတစ်ခုပေးပြီး ရလဒ်ကောင်းတစ်ခု ယူဆောင်ဖို့ လှုံဆော်လာခဲ့ပါတယ်။

Photo Credit : The Mirror

လက်စတာအသင်းအနေနဲ့ စပါးကို စပါးအသင်းရဲ့အိမ်ကွင်း တော့တင်ဟမ်ဟော့စပါးကွင်းမှာသာ အနိုင်ကစားခဲ့မယ်ဆိုရင် နည်းပြရော်ဂျာစ် အပါအဝင် ဗာဒီ မက်ဒီဆင်တို့နဲ့အတူ လက်စတာ ကစားသမားတွေအားလုံး Fanvue ဝက်ဆိုက်ပေါ်က သူမရဲ့ channel မှာ ရာသက်ပန် subscriptions လက်ဆောင်ပေးသွားမယ်လို့ မက်လုံးပေးသွားခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ဘရောင်းဟာ Fanvue မှာ သူမရဲ့ အလန်းစား ဓါတ်ပုံတွေကို တင်ပေးထားရင်း တစ်လကို subscriptions fee ပေါင်(၅၀၀၀၀)ထိ ရရှိနေသူလည်း ဖြစ်သလို ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းကိုလည်း အားပေးနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သူမ အားပေးနေတဲ့ လက်စတာက အတော်လေးကို အခြေအနေဆိုးတာဖြစ်လို့ အသင်းနည်းပြရော ကစားသမားတွေကို နိုင်ပွဲ ယူဆောင်နိုင်ဖို့အတွက် လှုံဆော်တဲ့အနေနဲ့ မက်လုံးပေး ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေတွေအရ အထူးသဖြင့် ခံစစ်ပိုင်း အရမ်းအားနည်းနေတဲ့ လက်စတာအနေနဲ့ အဝေးကွင်းမှာ စပါးကို အနိုင်ရဖို့က အတော်လေးကို ခဲယဉ်းရဖွယ် ရှိနေပါတယ်။

Exit mobile version