ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမားသစ် အဲဗာရိုမိုရာတာကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့ရတဲ့အပေါ် အရမ်းကို ပျော်ရွှင်လို့နေပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပါ ပြန်လည်ပြီး တွဲဖက်ကစားရတော့မယ့်အပေါ် အရမ်းကို စိတ်လှုပ်ရှားလျက်ရှိနေတယ်လို့ ထုတော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာက အသက်လက်တီကိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ယူရို(၁၀)သန်း တန်ကြေးရှိတဲ့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူမယ်ဆိုရင် နောက်ထပ် ယူရို(၃၅)သန်းကို ပေးချေသွားရမှာဖြစ်ပါတယ်။ သူ့အတွက် အောင်မြေတစ်ခုလို ဖြစ်ခဲ့ရတဲ့ စီးရီးအေကို ပြန်လာခဲ့ရတာနဲ့ပတ်သက်ပြီး မိုရာတာက “ဒီအသင်းကို ပြန်လည်ရောက်ရှိလာရတာက ကျွန်တော့်အတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ”

Photo Credit : Daily Express

“ဒီအသင်းကနေ ထွက်ခွာခဲ့တုန်းက ကျွန်တော့်အတွက်တော့ တကယ့်ကို မလွယ်ကူခဲ့ဘူး။ မက်ဒရစ်မှာ ကျွန်တော်နေပျော်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော်ဒီနေရာမှာ ရှိနေဖို့က ပိုပြီးအရေးကြီးတယ်။ ကျွန်တော်အားလုံးနဲ့ အဆက်အသွယ်မပြတ် ဆက်ရှိနေဦးမှာပါ။ ဂျုဗင်တပ်စ်မှာ ရှိခဲ့စဉ်တုန်းက တကယ့်ကို အမှတ်တရကောင်းတွေ ဖြစ်ခဲ့တယ်။ အခု စိန်ခေါ်မှုတွေကို အတူတကွ ပြန်လည်ရင်ဆိုင်ရပါတော့မယ်။ ဂျုဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ဖလားက အရေးအကြီးဆုံးပါ။ တကယ်လို့ ဒီနှစ်ဘောလုံးရာသီမှာသာ ဂျုဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်က ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်အားလုံး ဒီဆုဖလားကြီးကို အလိုရှိနေကြပါတယ်။ ကျွန်တော်က ခရစ္စတီယာနိုနဲ့ အရမ်းကို ရင်းနှီးပါတယ်။ သူလည်း ကျွန်တော့်အပြောင်းအရွှေ့ကို သိရလို့ အရမ်းပျော်နေတယ်။ ကျွန်တော်တို့နှစ်ယောက်က ပြန်မဆုံခင်ကတည်းက စကားတွေ အများကြီးပြောဖြစ်တယ်။ ကျွန်တော်လည်း သူနဲ့တွဲဖက်ကစားရဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါပြီ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ လက်ရှိ ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှာ မိုရာတာ ရော်နယ်ဒို ဒီဘားလားတို့ (၃)ဦးနဲ့ အတောင့်တင်းဆုံးပုံစံ ရှိလို့နေပြီး ပြိုင်ဘက်အသင်းတွေရဲ့ခံစစ်တွေကို ဘယ်လောက်ထိ အန္တရာယ်ပြုနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။