ကြင္းလယ္လူ အဲရစ္ဆင္ဟာ စပါးအသင္း ကေန အင္တာမီလန္အသင္းကို ေပါင္ (၁၇.၅) သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးတဲ့ေနာက္ အသင္းသစ္ အင္တာမီလန္အသင္းနဲ႔ ပက္သက္ၿပီး သူ႔ရဲ႕ ေပ်ာ္ရြင္မႈကုိ ေျပာျပခဲ့ပါတယ္။ အင္တာမီလန္ ကြင္းလယ္လူ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းရဲ႕ တရားဝင္ ရုပ္သံ ျဖစ္တဲ့ “အင္တာတီဗီ” မွာ အင္တာ ကစားသမားသစ္ ျဖစ္လာလုိ႔ ေပ်ာ္ရြင္ေၾကာင္း နဲ႔ အခု အခ်ိန္က စိန္ေခၚမႈအသစ္ စတင္ရမယ့္ အခ်ိန္ ျဖစ္ေၾကာင္း အခုိင္အမာ ႀကံဳးဝါးသြားလုိက္ပါတယ္။

Photo Credit: Gettyimage

ကြင္းလယ္လူ အဲရစ္ဆင္က “အင္တာအသင္းကုိ ေျပာင္းဖု႔ိ ကြ်န္ေတာ္ မေစာင့္ႏုိင္ခဲ့ဘူး။ ဒီအသင္းအတြက္ ကစားရမွာက မယုံႏုိင္စရာပါပဲ။ အင္တာ ကစားသမားသစ္ ျဖစ္လာရလုိ႔ ေပ်ာ္ရႊင္တယ္။ ကြ်န္ေတာ္ အလြန္ စိတ္လႈပ္ရွားပါတယ္။ ပရိသတ္ေတြကုိ မိတ္ဆက္ရမွာ မေစာင့္ႏုိင္ေတာ့ပါဘူး။ သူတုိ႔ရဲ႕ ေႏြးေထြးမႈကုိ ခံစားေနရပါၿပီ။ မယုံႏုိင္စရာ ႀကိဳဆုိင္မႈပါပဲ။ ခံစားခ်က္ ေကာင္းလွပါတယ္။ ကိန္းဂဏန္းေတြက ကြ်န္ေတာ္ အဂၤလန္မွာ အေကာင္းဆုံး လုပ္ေဆာင္ခဲ့တယ္လုိ႔ ေဖာ္ျပပါတယ္။ အခုအခိ်န္က စိန္ေခၚမႈအသစ္ စတင္ရမယ့္ အခ်ိန္ပါပဲ။ ကြ်န္ေတာ္ စီးရီးေအ ၿပိဳင္ပဲြမွာ အသင္းႀကီး တစ္သင္းအတြက္ ကစားရတဲ့ အခြင့္အေရးကုိ ရရွိလုိ႔ တကယ္ ေပ်ာ္ပါတယ္”လုိ႔ ေျပာသြားပါတယ္။

Photo Credit: Gettyimage

ကြင္းလယ္လူ အဲရစ္ဆင္ဟာ (၂၀၁၃) ခုႏွစ္၊ ၾသဂုတ္လမွာ ေအဂ်က္အသင္းကေန စပါးအသင္းကုိ ယူရုိ (၁၂.၄၅) သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး စပါးအသင္းအတြက္ ၿပိဳင္ပဲြစုံ (၃၀၅) ပဲြ ကစားခဲ့ရမွာ (၆၉) ဂုိးသြင္းယူခဲ့ပါတယ္။ သူဟာ စပါးအသင္းမွာ (၆) ႏွစ္ၾကာ ကစားခဲ့ေပမဲ့လည္း စပါအသင္းနဲ႔ အဓိက ဆုဖလား တစ္ခုမွ မရရွိခဲ့ဘဲ စပါအသင္းနဲ႔ အတူ သူ႔ရဲ႕ အေအာင္ျမင္ဆုံးလုိ႔ ေျပာႏုိင္တာ တစ္ခုက နည္းျပ ပုိခ်က္တီႏုိရဲ႕ လက္ေအာက္မွာ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြကုိ ေရာက္ရွိႏုိင္ခဲ့တာ ျဖစ္ပါတယ္။

{Unicode}

ကွင်းလယ်လူ အဲရစ်ဆင်ဟာ စပါးအသင်း ကနေ အင်တာမီလန်အသင်းကို ပေါင် (၁၇.၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အသင်းသစ် အင်တာမီလန်အသင်းနဲ့ ပက်သက်ပြီး သူ့ရဲ့ ပျော်ရွင်မှုကို ပြောပြခဲ့ပါတယ်။ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းရဲ့ တရားဝင် ရုပ်သံ ဖြစ်တဲ့ “အင်တာတီဗီ” မှာ အင်တာ ကစားသမားသစ် ဖြစ်လာလို့ ပျော်ရွင်ကြောင်း နဲ့ အခု အချိန်က စိန်ခေါ်မှုအသစ် စတင်ရမယ့် အချိန် ဖြစ်ကြောင်း အခိုင်အမာ ကြုံးဝါးသွားလိုက်ပါတယ်။

Photo Credit: Gettyimage

ကွင်းလယ်လူ အဲရစ်ဆင်က “အင်တာအသင်းကို ပြောင်းဖု့ိ ကျွန်တော် မစောင့်နိုင်ခဲ့ဘူး။ ဒီအသင်းအတွက် ကစားရမှာက မယုံနိုင်စရာပါပဲ။ အင်တာ ကစားသမားသစ် ဖြစ်လာရလို့ ပျော်ရွှင်တယ်။ ကျွန်တော် အလွန် စိတ်လှုပ်ရှားပါတယ်။ ပရိသတ်တွေကို မိတ်ဆက်ရမှာ မစောင့်နိုင်တော့ပါဘူး။ သူတို့ရဲ့ နွေးထွေးမှုကို ခံစားနေရပါပြီ။ မယုံနိုင်စရာ ကြိုဆိုင်မှုပါပဲ။ ခံစားချက် ကောင်းလှပါတယ်။ ကိန်းဂဏန်းတွေက ကျွန်တော် အင်္ဂလန်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အခုအချိန်က စိန်ခေါ်မှုအသစ် စတင်ရမယ့် အချိန်ပါပဲ။ ကျွန်တော် စီးရီးအေ ပြိုင်ပွဲမှာ အသင်းကြီး တစ်သင်းအတွက် ကစားရတဲ့ အခွင့်အရေးကို ရရှိလို့ တကယ် ပျော်ပါတယ်”လို့ ပြောသွားပါတယ်။

Photo Credit: Gettyimage

ကွင်းလယ်လူ အဲရစ်ဆင်ဟာ (၂၀၁၃) ခုနှစ်၊ သြဂုတ်လမှာ အေဂျက်အသင်းကနေ စပါးအသင်းကို ယူရို (၁၂.၄၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၃၀၅) ပွဲ ကစားခဲ့ရမှာ (၆၉) ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ စပါးအသင်းမှာ (၆) နှစ်ကြာ ကစားခဲ့ပေမဲ့လည်း စပါအသင်းနဲ့ အဓိက ဆုဖလား တစ်ခုမှ မရရှိခဲ့ဘဲ စပါအသင်းနဲ့ အတူ သူ့ရဲ့ အအောင်မြင်ဆုံးလို့ ပြောနိုင်တာ တစ်ခုက နည်းပြ ပိုချက်တီနိုရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။