လီဗာပူးလ္ ကြင္းလယ္ကစားသမား လာလယ္နာက လီဗာပူးလ္အသင္း ရမွတ္ (၁၃) မွတ္ ျဖတ္နဲ႔ အဆင့္ (၁) ေနရာရရွိႏုိင္တဲ့ ေျခစြမ္းဟာ ကံေကာင္းလို႔ မဟုတ္ဘဲ၊ ႀကိဳးစားလို႔ပါလို႔ အခိုင္အမာ ေျပာသြားပါတယ္။ လီဗာပူးလ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၀) ကစားၿပီးတဲ့ အခ်ိန္မွာ ရႈံးပြဲ တစ္ပြဲမွ မရွိေသးဘဲ ရမွတ္ (၅၈) မွတ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနၿပီး အဆင့္ (၂) ေနရာက လက္စတာစီးတီးအသင္းကို ရမွတ္ (၁၃) မွတ္ေတာင္ ျဖတ္ထားတာ ျဖစ္ပါတယ္။

Photo Credit: Goal

လီဗာပူးလ္ ကြင္းလယ္လူ လာလယ္နာကေတာ့ လီဗာပူးလ္အသင္းရဲ႕ လက္ရွိ အဆင့္အတန္းကို ယုံၾကည္ႏိုင္သလားလို႔ အေမးခံရတဲ့ အခါမွာ သူက အသင္းေဖာ္ေတြရဲ႕ ႀကိဳးစားမႈ နဲ႔ စိတ္ႏွစ္မႈကို ျမင္ရတာေၾကာင့္ ယုံၾကည္တယ္လို႔ ေျပာခဲ့ပါတယ္။ လာလယ္နာဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၀) ပဲြ ကစားထားၿပီး သြင္းဂိုး (၁) ဂိုး နဲ႔ ဂိုးဖန္တီးမႈ (၁) ႀကိမ္ ျပဳလုပ္ခဲ့ၿပီး သူက အဆင့္ (၁) ေနရာရတာ ကံေကာင္းလို႔ ရတာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

လာလယ္နာဟာ လီဗာပူးလ္အသင္းရဲ႕ လက္ရွိ အဆင့္အတန္းကို ယုံၾကည္ႏိုင္သလားလို႔ အေမးခံရတဲ့ အခ်ိန္မွာ သူက “ယုံၾကည္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္ ဒီကစားသမားေတြနဲ႔ အတူ အလုပ္လုပ္ေနလို႔ပါ။ သူတို႔ ဘယ္ေလာက္ စိတ္ႏွစ္လဲ၊ ဘယ္ေလာက္ ႀကိဳးစားလဲ ဆိုတာ ျမင္ရပါတယ္။ ဒီလို စြမ္းေဆာင္ရည္နဲ႔ ဒီလို ေျခစြမ္းတည္ၿငိမ္တာက ကံေကာင္းမႈ မဟုတ္ပါဘူး။ ဒါက ႀကိဳးစားမႈ၊ စိတ္ႏွစ္မႈ နဲ႔ နာရီမ်ားစြာ ေလ့က်င့္မႈပါ”လို႔ အခိုင္အမာ ေျပာဆိုသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ကွင်းလယ်ကစားသမား လာလယ်နာက လီဗာပူးလ်အသင်း ရမှတ် (၁၃) မှတ် ဖြတ်နဲ့ အဆင့် (၁) နေရာရတာကို ရတာဟာ ကံကောင်းလို့ ရနေတာ မဟုတ်ဘဲ၊ ကြိုးစားလို့ ရတာပါလို့ အခိုင်အမာ ပြောသွားပါတယ်။ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ ရှုံးပွဲ တစ်ပွဲမှ မရှိသေးဘဲ ရမှတ် (၅၈) မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အဆင့် (၂) နေရာက လက်စတာစီးတီးအသင်းကို ရမှတ် (၁၃) မှတ်တောင် ဖြတ်ထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ကွင်းလယ်လူ လာလယ်နာကတော့ လီဗာပူးလ်အသင်းရဲ့ လက်ရှိ အဆင့်အတန်းကို ယုံကြည်နိုင်သလားလို့ အမေးခံရတဲ့ အခါမှာ သူက အသင်းဖော်တွေရဲ့ ကြိုးစားမှု နဲ့ စိတ်နှစ်မှုကို မြင်ရတာကြောင့် ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ လာလယ်နာဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲ ကစားထားပြီး သွင်းဂိုး (၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ခဲ့ပြီး သူက အဆင့် (၁) နေရာရတာ ကံကောင်းလို့ ရတာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

လာလယ်နာဟာ လီဗာပူးလ်အသင်းရဲ့ လက်ရှိ အဆင့်အတန်းကို ယုံကြည်နိုင်သလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ယုံကြည်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် ဒီကစားသမားတွေနဲ့ အတူ အလုပ်လုပ်နေလို့ပါ။ သူတို့ ဘယ်လောက် စိတ်နှစ်လဲ၊ ဘယ်လောက် ကြိုးစားလဲ ဆိုတာ မြင်ရပါတယ်။ ဒီလို စွမ်းဆောင်ရည်နဲ့ ဒီလို ခြေစွမ်းတည်ငြိမ်တာက ကံကောင်းလို့ မဟုတ်ပါဘူး။ ဒါက ကြိုးစားမှု၊ စိတ်နှစ်မှု နဲ့ နာရီများစွာ လေ့ကျင့်မှုပါ”လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။