MySport Myanmar

အင်တာမှာ နံပါတ်(၉၀)ဝတ်ဆင့်မယ့် လူကာကူ သူရဲ့ နေအိမ်ကို ပြန်လာရသလိုပဲလို့ ဖွင့်ဟ

အင်တာမီလန်အသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့လို့ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နွေရာသီ ဈေးကွက်မှာ ချယ်လ်ဆီးအသင်းဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့ရတဲ့ တိုက်စစ်ကစားမား လူကာကူဟာ ချယ်လ်ဆီးမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုတော့ သူရဲ့အသင်းဟောင်း အင်တာမီလန်အသင်းဆီကိုပဲ တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ ကျောနံပါတ်(၉၀)ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးရဲ့ flop player ဖြစ်ခဲ့ရသူ ဘယ်လ်ဂျီယံ ကစားသမား လူကာကူဟာ အင်တာမီလန်ကနေ ချယ်လ်ဆီးကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး (၉၇.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်(၈)ဂိုး သွင်းယူနိုင်ခဲ့သလို ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း အင်တာမီလန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့်ပါ လူကာကူကို ချယ်လ်ဆီးပရိသတ်တွေ အကြီးအကျယ် ဒေါသထွက်ခဲ့ရပါတယ်။ အခုတော့ လူကာကူဟာ သူရဲ့ ဆန္ဒအတိုင်း အင်တာကို ပြန်သွားခွင့် ရရှိခဲ့သလို လူကာကူကိုယ်တိုင်ကလည်း ဒါဟာ အိမ်ကိုပြန်သွားရသလို ခံစားမိစေရကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : The Sun

အင်တာကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူကာကူက “ဒီကို ပြန်လည်ရောက်လာခဲ့လို့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဝင်တွေ ပျော်ရွှင်နေကြပြီး ပရိသတ်တွေ အသင်းဖော်တွေ အသင်းတာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်စကား ပြောဆိုချင်ပါတယ်။ ကျွန်တော် ဒီကို ပထမဆုံး ရောက်ရှိတဲ့နေ့ကစပြီး အားလုံးက ကျွန်တော့်ကို ကူညီပေးခဲ့ကြလို့ အရမ်းပျော်မိတယ်။ အင်္ဂလန်ကို သွားခဲ့စဉ်တုန်းကလည်း ကျွန်တော်ရဲ့ အိမ်ကို ဒီမှာပဲ ဆက်လက်ထားရှိခဲ့တယ်။ ဒါက တစ်ခုခုကို အဓိပ္ပာယ်သက်ရောက်ခဲ့သလိုပါပဲ။ ဒီကို ပြန်လာရတာကိုလည်း အရမ်းဝမ်းသာနေပါတယ်။ အသင်းဖော်တွေနဲ့အတူ တွဲဖက်ကစားဖို့ကိုလည်း မစောင့်နိုင်တော့ပါဘူး။ ဒါဟာ အံ့သြစရာကောင်းတဲ့ ခံစားချက်ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော်တို့ ဒီမှာ အောင်မြင်ခဲ့တာ အံ့မခန်းပါပဲ။ အင်တာမီလန်ဘက်ကလည်း ကျွန်တော့်အတွက် အများကြီးပေးခဲ့တာဖြစ်လို့ ပြီးခဲ့တဲ့ အကြိမ်တွေက ပိုကောင်းလာနိုင်အောင်လုပ်ဖို့ မျှော်လင့်ပါတယ်။ အခုအချိန်ဟာ အသင်းအတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရမယ့်အချိန်ဖြစ်ပြီး အရင်ကထက် ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ အင်တာမှာ (၂)ရာသီ ကျင်လည်ခဲ့ဖူးပြီး (၉၅)ပွဲကစား (၆၄)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Exit mobile version