လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ခံစစ်မှူး ဗာဂျယ်ဗန်ဒိုက်က သူဟာ ငယ်စဉ်ကတည်းက နယ်သာလန် ကစားသမား အများအပြား ပါဝင်နေတဲ့ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို အစဉ်အမြဲ ကြည့်ရှုခဲ့ဖူးသူဖြစ်ပြီး ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကြီးကိုလည်း အလွန်နှစ်သက်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
Photo Credit : talkSPORT
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါရဲ့ ထိပ်တန်း ကလပ်အသင်းကြီး ဖြစ်ပေမယ့် နယ်သာလန်လူမျိုး ဘောလုံးနည်းပြတွေ ဘောလုံးသမားတွေနဲ့ connection အမြဲ ရှိနေတတ်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ နည်းပြကြီး ယိုဟန်ခရိုက်ဖ်ကနေ စတင်ပြီး နည်းပြရတ်ကတ် ဒီဘိုးဝါးညီနောင်နဲ့ ကလွိုင်ဗက်တို့ အားလုံးဟာ ဘာစီလိုနာအသင်းမှာ ကျင်လည်ခဲ့ဖူးတဲ့ နယ်သာလန် ဘောလုံးနယ်ပယ်ရဲ့ အကျော်အမော်တွေဖြစ်တာကြောင့် နယ်သာလန်သား ဗန်ဒိုက်က ဘာစီလိုနာအသင်းကို သူ ငယ်စဉ်ကတည်းက အမြဲတမ်း စောင့်ကြည့်ခဲ့ရကြောင်းနဲ့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းဟာလည်း သူ သဘောအကျဆုံး ဘောလုံးကွင်းတစ်ခု ဖြစ်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
Photo Credit : The Telegraph
ဗန်ဒိုက်ဟာ ဂယ်ရီနဖီးလ်ရဲ့ The Overlap အစီအစဉ်မှာ ပါဝင်လာရင်းနဲ့ ဗန်ဒိုက်အတွက် ဘယ်အဝေးအသင်းရဲ့ ကွင်းကို အကြိုက်ဆုံးလို့လဲ နဖီးလ်က မေးမြန်းလာခဲ့ရာ ဗန်ဒိုက်က “ကျွန်တော် ပြောချင်တာကတော့ ဘာစီလိုနာရဲ့ နူးကမ့်ပါပဲ။ ငယ်ငယ်တုန်းက ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေ အများကြီး ကြည့်ခဲ့ဖူးတော့ အဲ့ဒီနောက် ဆဲလ်တစ်အသင်းနဲ့အတူ နူးကမ့်မှာ ပထမဆုံးအကြိမ် ကစားခဲ့ဖူးပါသေးတယ်။ (၆)ဂ်ုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကတော့ တကယ်ကို ခက်ခဲလှပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘောလုံးကွင်းတစ်ကွင်းမှာ ကစားခဲ့ရလို့ အရမ်းပျော်ရွှင်မိပါတယ်။ မယုံနိုင်စရာပါပဲ။ ရူးသွပ်စရာကောင်းပါတယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဆဲလ်တစ်အသင်းမှာ ကစားခဲ့စဉ်တုန်းကရော လီဗာပူးလ်အသင်းမှာ ပါဝင်ခဲ့စဉ်ကပါ ဘာစီလိုနာနဲ့ နူးကမ့်မှာ ရင်ဆိုင်ရင်း အရေးနိမ့်ခဲ့ရပေမယ့် လီဗာပူးလ်ရဲ့ အန်ဖီးလ်မှာ ဘာစီလိုနာကို ဧည့်ခံကစားချိန်တော့ နူးကမ့်မှာ ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်ပြီး comeback နိုင်ပွဲနဲ့ ဘာစီလိုနာကိုကို ကျော်ဖြတ်ခဲ့သလို အဲ့ဒီနှစ်မှာပဲ ဗန်ဒိုက်က လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ရပါတယ်။