မန္ယူ နည္းျပ ဆုိးလ္ရွားကေတာ့ ယေန႔ည (၂း၄၅) အခ်ိန္၊ ဘန္ေလအသင္းနဲ႔ ကစားသြားရမယ့္ ပဲြစဥ္ မတုိင္ခင္ ပဲြႀကိဳ သတင္းစာ ရွင္းလင္းပဲြမွာ ဘန္ေလအသင္းနဲ႔ ေတြ႔ရင္ တစ္ႀကိမ္ မဟုတ္ဘဲ အျမဲတမ္း ရလဒ္ေကာင္းတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဘန္ေလအသင္းကုိ အေဝးကြင္းမွာ (၂-၀) နဲ႔ အႏုိင္ပုိင္းပစ္ခဲဲ့ၿပီး ဘန္ေလအသင္းနဲ႔ ကစားထားတဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ပဲြစဥ္ ေနာက္ဆုံး (၁၅) ပဲြမွာ တစ္ပဲြမွေတာင္ မရႈံးထားတာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ အိမ္ကြင္းမွာ ဘန္ေလအသင္းနဲဲ႔ ကစားရင္ အႏုိင္ ဒါမွမဟုတ္ သေရသာ က်ၿပီး ဒီေန႔ည ကစားမယ့္ ပြဲစဥ္ မတုိင္ခင္မွာေတာ့ နည္းျပ ဆုိးလ္ရွားက ဘန္ေလအသင္းကို အႏုိင္ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။ နည္းျပ ဆုိးလ္ရွားဟာ ဘန္ေလအသင္းအေၾကာင္း အေမးခံရတဲ့ အခ်ိန္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဘန္ေလအသင္းကို အေဝးကြင္းမွာ (၂-၀) နဲ႔ အႏုိင္ရခဲ့သလုိ အႏုိင္ျပန္ရဖုိ႔ ကစားသမား အေျပာင္းအလဲ ျပဳလုပ္သြားမယ္လုိ႔ ပဲြႀကိဳ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာခဲ့ပါတယ္။

Photo Credit: Gettyimage

နည္းျပ ဆုိးလ္ရွားက “ကြ်န္ေတာ္တုိ႔ အေဝးကြင္းမွာ ဘန္ေလအသင္းကုိ ေကာင္းစြာ ရင္ဆုိင္ခဲ့ၿပီး ေကာင္းစြာ ခံစစ္ကစားခဲ့ပါတယ္။ အဲဒီကြင္းကုိ သြားကစားရတာက အလြန္ ခက္ခဲၿပီး ႏုိင္ပြဲေၾကာင့္ အလြန္ ေက်နပ္ခဲ့ပါတယ္။ ေပးဂုိးမရွိခဲ့ဘူး။ အဲဒီပဲြမွာ အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ဒီညပဲြမွာလည္း အေျပာင္းအလဲ ျပဳလုပ္မွာပါ။ သူတုိ႔နဲ႔ ကစားရင္ အျမဲတမ္း ရလဒ္ ေကာင္းပါတယ္။ အိမ္ကြင္းမွာ ကစားရမွာပါ။ အိမ္ကြင္းမွာ ေျခစြမ္းေကာင္းလာၿပီး ဆက္ထိန္းထားရပါမယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ယနေ့ည (၂း၄၅) အချိန်၊ ဘန်လေအသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ် မတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဘန်လေအသင်းနဲ့ တွေ့ရင် တစ်ကြိမ် မဟုတ်ဘဲ အမြဲတမ်း ရလဒ်ကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်လေအသင်းကို အဝေးကွင်းမှာ (၂-ဝ) နဲ့ အနိုင်ပိုင်းပစ်ခဲ့ပြီး ဘန်လေအသင်းနဲ့ ကစားထားတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် နောက်ဆုံး (၁၅) ပွဲမှာ တစ်ပွဲမှတောင် မရှုံးထားတာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘန်လေအသင်းနဲ့ ကစားရင် အနိုင် ဒါမှမဟုတ် သရေသာ ကျပြီး ဒီနေ့ည ကစားမယ့် ပွဲစဉ် မတိုင်ခင်မှာတော့ နည်းပြ ဆိုးလ်ရှားက ဘန်လေအသင်းကို အနိုင်ရရှိဖို့ မျှော်လင့်နေပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ဘန်လေအသင်းအကြောင်း အမေးခံရတဲ့ အချိန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်လေအသင်းကို အဝေးကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရခဲ့သလို အနိုင်ပြန်ရဖို့ ကစားသမား အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ အဝေးကွင်းမှာ ဘန်လေအသင်းကို ကောင်းစွာ ရင်ဆိုင်ခဲ့ပြီး ကောင်းစွာ ခံစစ်ကစားခဲ့ပါတယ်။ အဲဒီကွင်းကို သွားကစားရတာက အလွန် ခက်ခဲပြီး နိုင်ပွဲကြောင့် အလွန် ကျေနပ်ခဲ့ပါတယ်။ ပေးဂိုးမရှိခဲ့ဘူး။ အဲဒီပွဲမှာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒီညပွဲမှာလည်း အပြောင်းအလဲ ပြုလုပ်မှာပါ။ သူတို့နဲ့ ကစားရင် အမြဲတမ်း ရလဒ် ကောင်းပါတယ်။ အိမ်ကွင်းမှာ ကစားရမှာပါ။ အိမ်ကွင်းမှာ ခြေစွမ်းကောင်းလာပြီး ဆက်ထိန်းထားရပါမယ်”လို့ ပြောခဲ့ပါတယ်။