ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ကေတာ့ ယေန႔ည (၂း၂၅) အခ်ိန္၊ အာဆင္နယ္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္း ပဲြစဥ္ မတုိင္ခင္မွာေတာ့ လီဗာပူးလ္ နည္းျပ ကေလာ့ပ္က မယုံႏုိင္စရာ နည္းျပျဖစ္တယ္လုိ႔ ခ်ီးက်ဴးသြားပါတယ္။ နည္းျပ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကုိ နည္းျပတာ အခ်ိန္ကာလ တုိေနေသးတာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို လီဗာပူးလ္အသင္းလုိ ျဖစ္လာဖုိ႔ ဆုိရင္ နည္းျပ ကေလာ့ပ္လုိ အခ်ိန္ (၄) ႏွစ္ၾကာ လူသစ္ေခၚယူၿပီး တည္ေဆာင္ယူရမွာပဲ ျဖစ္ပါတယ္။

Photo Credit: FourFourTwo

ခ်ဲလ္ဆီးအသင္းဟာ တနဂၤေႏြည ကစားခဲ့တဲ့ပရီးမီးယားလိဂ္ အေဝးကြင္းပဲြစဥ္မွာ နယူးကာဆယ္ အသင္းကုိ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့ေပမဲ့ အဆင့္ (၄) ေနရာကို ဆက္လက္ သိမ္းပုိက္ႏုိင္ၿပီး အဆင့္ (၅) ေနရာက မန္ယူအသင္းနဲ႔ (၅) မွတ္ ကြာဟေနပါတယ္။ ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ဟာ ယေန႔ည အာဆင္နယ္အသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး အာဆင္နယ္ အသင္းနဲ႔ ပဲြစဥ္ မတုိင္ခင္မွာ လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ အတုယူရမယ့္ နည္းျပေကာင္း ျဖစ္တယ္လုိ႔ ခ်ီးက်ဴးသြားတာ ျဖစ္ပါတယ္။

Photo Credit: FourFourTwo

နည္းျပ လမ္းပတ္က “နည္းျပမႈနဲ႔ ပက္သက္လာရင္ေတာ့ ကြ်န္ေတာ္ အျခားသူေတြ ေျပာတာကုိ နားေထာင္ေနရပါတယ္။ နည္းျပ ကေလာ့ပ္ကုိ ၾကည့္လုိက္မယ္ဆုိရင္ ကြ်န္ေတာ္ကေတာ့ သူ႔ကုိ မယံုႏုိင္စရာ ေကာင္းတဲ့ နည္းျပလုိ႔ ျမင္ပါတယ္။ သူက လက္ရွိ သူ႔ရဲ႕အသင္းကို တည္ေဆာက္ဖုိ႔ အခ်ိန္ (၄) ႏွစ္ ၾကာခဲ့ပါတယ္။ အခ်ဳိ႕ ေခၚယူခဲ့တဲ့ ကစားသမားေတြက (၄) ႏွစ္အတြင္း တကယ္ တုိးတတ္လာခဲ့ၾကပါတယ္။ ဒီေတာ့ သူက အတုယူခ်င္စရာ လွပတဲ့ စံနမႈနာပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ ယနေ့ည (၂း၂၅) အချိန်၊ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် မတိုင်ခင်မှာတော့ လီဗာပူးလ် နည်းပြ ကလော့ပ်က မယုံနိုင်စရာ နည်းပြဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။ နည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို နည်းပြတာ အချိန်ကာလ တိုနေသေးတာကြောင့် ချဲလ်ဆီးအသင်းကို လီဗာပူးလ်အသင်းလို ဖြစ်လာဖို့ ဆိုရင် နည်းပြ ကလော့ပ်လို အချိန် (၄) နှစ်ကြာ လူသစ်ခေါ်ယူပြီး တည်ဆောင်ယူရမှာပဲ ဖြစ်ပါတယ်။

Photo Credit: FourFourTwo

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေည ကစားခဲ့တဲ့ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ နယူးကာဆယ် အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အဆင့် (၄) နေရာကို ဆက်လက် သိမ်းပိုက်နိုင်ပြီး အဆင့် (၅) နေရာက မန်ယူအသင်းနဲ့ (၅) မှတ် ကွာဟနေပါတယ်။ ချဲလ်ဆီး နည်းပြ လမ်းပတ်ဟာ ယနေ့ည အာဆင်နယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အာဆင်နယ် အသင်းနဲ့ ပွဲစဉ် မတိုင်ခင်မှာ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ အတုယူရမယ့် နည်းပြကောင်း ဖြစ်တယ်လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။

Photo Credit: FourFourTwo

နည်းပြ လမ်းပတ်က “နည်းပြမှုနဲ့ ပက်သက်လာရင်တော့ ကျွန်တော် အခြားသူတွေ ပြောတာကို နားထောင်နေရပါတယ်။ နည်းပြ ကလော့ပ်ကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို မယုံနိုင်စရာ ကောင်းတဲ့ နည်းပြလို့ မြင်ပါတယ်။ သူက လက်ရှိ သူ့ရဲ့အသင်းကို တည်ဆောက်ဖို့ အချိန် (၄) နှစ် ကြာခဲ့ပါတယ်။ အချို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေက (၄) နှစ်အတွင်း တကယ် တိုးတတ်လာခဲ့ကြပါတယ်။ ဒီတော့ သူက အတုယူချင်စရာ လှပတဲ့ စံနမှုနာပါ”လို့ ပြောခဲ့ပါတယ်။