ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဟာရီမက်ဂွိုင်းရားကို ချီးကျူးပြောဆိုလိုက်တဲ့ အီတလီဂန္တဝင် နောကခံကစားသမားဟောင်းကြီး ဖာဘီယိုကင်နာဗာရိုးက အခုလက်ရှိမှာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေရဲ့ ရွေးချယ်ခဲ့ရာ အားလုံးမထင်မှတ်ထားတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၄၈)နှစ်အရွှယ်ရှိ အီတလီနောက်ခံလူဟောင်းကြီး ကန်နာဗာရိုးက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ စပါးအသင်းရဲ့ တိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့က ပြိုင်ပွဲတစ်ခုလုံးရဲ့ အားအကောင်းဆုံးသော တိုက်စစ်ကစားသမားတွေဖြစ်ပြီး ကိုရီးယားသားလေး ဆွန်ကတော့ သူ့အတွက် အထင်ကြီးရတဲ့ တိုက်စစ်ကစားသမားပါလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ SunSport နဲ့ အင်တာဗျူးမှာ ကန်နာဗာရိုးက “ဆွန်နဲ့ ကိန်းတို့က အလွန်ကို အားကောင်းလှတဲ့ တိုက်စစ်ကစားသမားတွေပါ။ ကိုရီးယားသားလေးဆွန်ကတော့ ကျွန်တော့်ကို အထင်ကြီးဆုံးပါပဲ”လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဆက်လက်ပြီးတော့လည်း ကန်နာဗာရိုးက “အူဘာမီယန်းကလည်း ရော်နယ်လ်ဒိုလို ထူးချွန်တဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် ကျွန်တော်သာ သူတို့နဲ့ ရင်ဆိုင်ရမယ့်ဆိုရင် ကြောက်နေမှာ မဟုတ်ပါဘူး။ ခံစစ်မှူးကြီး ကန်နာဗာရိုးနဲ့ ရင်ဆိုင်ရမယ့် ဘယ်ကစားသမားမဆို ခက်ခဲသွားစေရမယ်” လို့ပါ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ခံစစ်ကစားသမားတွေထဲမှာ ဘာလွန်းဒေါဆုကို ဆွတ်ခူးထားခဲ့ဖူးတဲ့ တစ်ဦးတည်းသော နောက်ခံကစားသမားကြီး ကန်နာဗာရိုးက ၂၀၁၁ခုနှစ်လောက်မှာပဲ ဘောလုံးနည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပြီး ကာတာ ဆော်ဒီနဲ့ တရုတ်ကလပ်အသင်းတွေကို နည်းပြဖြစ်ခဲ့သလို တရုတ်လက်ရွေးစင်အသင်းကိုပါ နည်းပြခဲ့ဖူးပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ကန်နာဗာရိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း တစ်ခုခုကို နည်းပြအဖြစ် ဆောင်ရွှက်ချင်မိကြောင်းနဲ့ ရော်နယ်လ်ဒို ဆွန်ဟောင်မင် အူဘာမီယန်း ဟာရီကိန်းတို့လို ကစားသမားမျိုးတွေနဲ့ပါ ရင်ဆိုင်တွေ့ဆုံသွားချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကန်နာဗာရိုးဟာ အီတလီအသင်းနဲ့ ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားခဲ့သလို နာပိုလီ အင်တာမီလန် ဂျုဗင်တပ်စ်တို့လို စီးရီးအေ ထိပ်တန်းကလပ်တွေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းပါ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။