ပရီးမီးယားလိဂ်ပွဲဲစဉ်(၂၅)ရဲ့ အကြိုရင်ခုန်သံတွေကို တင်ဆက်ပေးပြီးတဲ့နောက်မှာ ကျန်တဲ့လိဂ်တွေဖြစ်တဲဲ့ စပိန်လာလီဂါပွဲစဉ်(၂၂) အီတလီစီးရီးအေပွဲစဉ်(၂၂)နဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်(၂၀)အကြောင်းတွေကိုလည်း ဖော်ပြပေးသွားချင်ပါတယ်။ ဒီနေ့ညမှာ ကစားကြမယ့် ပွဲစဉ်တွေထဲမှ စိတ်ဝင်စားဖွယ် ပွဲဲတွေအကြောင်းကိုပဲ ရွေးချယ်ပြီး ခန့်မှန်းသုံးသပ်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

(စပိန်လာလီဂါ)

ရီးရဲလ်မက်ဒရစ် နဲ့ အသက်လက်တီကို (ည၉နာရီခွဲ)

ဟာဇက်နဲ့ဘေးလ်ကတော့ ဒီပွဲကို ထပ်လွဲဦးမှာဖြစ်သလို တီကိုဘက်မှာကလည်း ဂျာအိုဖီးလစ် ပါဝင်ကစားဖို့က မသေချာပါဘူး။ ဒါပေမယ့် လက်ရှိခြေစွမ်းတွေအရ အသက်လက်တီကိုက သူတို့အသင်းရဲ့ အဆိုးဆုံးအခြေအနေတစ်ခုကို ဖြတ်သန်းနေရပြီး စူပါဖလားမှာ ရီးရဲလ်ကို ရှံးပြီးကတည်းက နိုင်ပွဲလုံးဝ ပြန်မရှာနိုင်ခဲ့ပါဘူး။ ရီးရဲလ်ကတော့ ကစားသမားဟောင်းတွေရဲ့အားနဲ့ အကောင်းဆုံးဖြတ်သန်းနေပြီး ဒီပွဲကလည်း အမှတ်ပေးဇယားထိပ်မှာရှိနေတဲဲ့ သူတို့အတွက် အစမ်းသပ်ခံပွဲ ဖြစ်လာမှာပါ။ ရီးရဲလ် ဂိုးအနည်းနဲ့ နိုင်ပွဲရပါမယ်။

Photo Credit : Getty Images

(အီတလီစီးရီးအေ)

ဆာဆူအိုလို နဲ့ ရိုးမား (မနက်၂နာရီ၁၅မိနစ်)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရိုးမားအမှားမခံစတမ်း တိုက်ပွဲဝင်ရတော့မှာပါ။ ရောမဒါဘီတုန်းကလည်း အနိုင်ရခဲ့သင့်ပါလျက်နဲဲ့ သရေပဲကျခဲ့လို့ ရိုးမားအတွက် နစ်နာစေခဲဲ့ရပါတယ်။ ဆာဆူအိုလိုကလည်း တန်းဆင်းဇုန်နဲ့ဝေးရာကို ပြေးထွက်နေတာဆိုပေမယ့် ဟန်ချက်မညီသေးတဲ့ အသင်းဖြစ်နေတာကြောင့်မို့ ဒီပွဲမှာတော့ ရိုးမားတု်ိ့ ရလဒ်ကောင်းနိုင်ဖွယ် ရှိပါတယ်။

Photo Credit : Getty Images

(ဂျာမန်ဘွန်ဒက်လီဂါ)

ဒေါ့မွန် နဲ့ အူယွန်းဘာလင် (ည၉နာရီ)

ဒီပွဲဲမှာရော ဟာလင်းတို့ ဂိုးပေါက်ထပ်တွေ့ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အူယွန်းဘာလင်ဘက်မှာတော့ ဒဏ်ရာရ ကစားသမားတွေ များပြားလွန်းနေပြီး ရလဒ်အားဖြင့်လည်း တည်ငြိမ်မှု နည်းပါးလွန်းတာကြောင့် ပထမအကျော့ရှံးကြွေးကို ဒေါ့မွန်တို့ အခုပွဲမှာ ပြန်ဆပ်လာမှာပါ။ ဒါပေမယ့် ၃ဂိုးပြတ်ဖို့ကတော့ ခဲယဉ်းနိုင်တာကြောင့် ဧည့်သည်အသင်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Photo Credit : Getty Images

မိန့်ဇ် နဲ့ ဘိုင်ယန်မြူးနစ် (ည၉နာရီ)

ဘိုင်ယန်ရဲ့Form အရမ်းကောင်းမွန်နေမှုကို မိန့်ဇ်တို့ တားဆီးရခက်နိုင်ပါတယ်။ မိန့်ဇ်ကိုယ်တိုင်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေက ဆိုးရွှားနေတာကြောင့် ဂိုးမြူးနေတဲ့ ဘိုင်ယန်တိုက်စစ်အောက်မှာ တစစီလုပ်ခံရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်က မိုချန်ဂလာဘတ်နဲ့ ဆုံတွေ့နေတာဖြစ်လို့ ဘိုင်ယန်ရဲ့ဒီပွဲအနိုင်က ပိုပြတ်သားသွားနိုင်ပါတယ်။