အင်တာမီလန်အသင်းကတော့ အခုတစ်ပတ်မှာ အီတလီစီးရီးအေပွဲစဉ်အတွင်း ကာဂလီယာရီအသင်းကို ၁ဂိုးစီ သရေကျခဲ့ရလို့ နစ်နာမှုရှိခဲ့ရပြီး ဒီပွဲအပြီးမှာ ကစားခဲ့ရတဲ့ နာပိုလီအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ပွဲစဉ်မှာလည်း ဂျုဗင်တပ်စ်က ရှံးပွဲတွေ့ခဲ့ရလို့ အင်တာအတွက် ပိုပြီးတော့ကို နစ်နာစေခဲ့ရပါတယ်။ ဒီပွဲစဉ်အတွင်းမှာ မာတီနက်ဇ်ရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ အင်တာမီလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ အင်တာကစားသမားဟောင်း နိုင်ဂိုလန်ရဲ့ချေပဂိုးကြောင့် နိုင်ပွဲကနေ လွဲချော်ခဲ့ရပြီး လက်ချီနဲ့ပွဲအပြီး စီးရီးအေ၂ပွဲဆက်တိုက် သရေကျခဲ့ရပါတယ်။
Photo Credit : Getty Images
ဒီပွဲစဉ်အတွင်းမှာ အင်တာမီလန်အသင်းက ကစားသမားသစ် အက်ရှ်လေယန်းရဲ့ညာခြမ်းကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် လော်သာရိုမာတီနက်ဇ်က ခေါင်းတိုက်ပြီး သွင်းဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ကစားသမားဟောင်း ဝါရင့်ကွင်းလယ်လူ နိုင်ဂိုလန်ရဲ့အဝေးကန်ချက်နဲ့ ချေပဂိုးပြန်ပေးခဲ့ရတာဖြစ်ကာ ၁ဂိုးစီသရေကျခဲ့ရတာဖြစ်ပါတယ်။ ဒီရလဒ်က အင်တာအတွက် နစ်နာစေခဲ့ရသလို ပွဲပြီးခါနီးမှာ အသင်းရဲ့အဓိကတိုက်စစ်မှူး မာတီနက်ဇ် အထုတ်ပယ်ခံလိုက်ရတာကလည်း အသင်းအတွက် ဆိုးရွှားလှတဲ့ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Photo Credit : Getty Images
မာတီနက်ဇ်ဟာ ပထမတော့ အဝါကတ်ပဲ ပြသခံရတာဖြစ်ပေမယ့် တကယ်ပြစ်ဒဏ်ကျူးလွန်ခံရတာက သူကိုယ်တိုင်ဖြစ်နေတာမို့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့ပြီး ဒေါသတကြီးနဲ့ စောဒကတတ်ခဲ့တာကြောင့် ဒိုင်လူကြီးက ၂ဝါ၁နီ ထပ်မံပြသကာ ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ အထုတ်ပယ်ခံလိုက်ရချိန်မှာ မာတီနက်ဇ်ဟာ ရေဗူးတွေကို ကန်ကြောက်ပစ်တာနဲ့ ကွင်းပြင်ပကနေ ထွက်ခွာသွားချိန်မှာ မှန်ဘောင်တွေကို ထိုးနက်ခဲ့တာတွေကို လုပ်ဆောင်ခဲ့လို့ ဒီအမှုအယာတွေကြောင့် မာတီနက်ဇ်ရဲ့ပြစ်ဒဏ်က ရိုးရိုး၁ပွဲပယ်ပြစ်ဒဏ်ကနေ ၃ပွဲလောက်အထိကို ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ တကယ်လို့သာ မာတီနက်ဇ်အနေနဲ့ ၃ပွဲသာ အပယ်ခံရနိုင်မယ်ဆိုရင် အူဒီးနီးစ် အေစီမီလန် လာဇီယိုအသင်းတို့နဲ့ ကစားရမယ့် အီတလီစီးရီးအေပွဲစဉ်တွေကို လွဲချော်ရနိုင်ပါတယ်။ သုံးသပ်ချက်တွေအရတော့ မာတီနက်ဇ်ဟာ အနည်းဆုံးတော့ ၂ပွဲကို သေချာပေါက်အပယ်ခံရနိုင်တယ်လို့ သိရပါတယ်။
(Zawgyi)
ေဒါသတႀကီး တုန္႔ျပန္မႈေတြေၾကာင့္ ၃ပြဲအထိ ပြဲပယ္ခံရႏုိင္တဲ႔ အင္တာတုိက္စစ္မွဴး မာတီနက္ဇ္
အင္တာမီလန္အသင္းကေတာ့ အခုတစ္ပတ္မွာ အီတလီစီးရီးေအပြဲစဥ္အတြင္း ကာဂလီယာရီအသင္းကုိ ၁ဂုိးစီ သေရက်ခဲ႔ရလုိ႔ နစ္နာမႈရွိခဲ႔ရၿပီး ဒီပြဲအၿပီးမွာ ကစားခဲ႔ရတဲ႔ နာပုိလီအသင္းနဲ႔ ဂ်ဳဗင္တပ္စ္အသင္းတုိ႔ပြဲစဥ္မွာလည္း ဂ်ဳဗင္တပ္စ္က ရွံးပြဲေတြ႕ခဲ႔ရလုိ႔ အင္တာအတြက္ ပုိၿပီးေတာ့ကုိ နစ္နာေစခဲ႔ရပါတယ္။ ဒီပြဲစဥ္အတြင္းမွာ မာတီနက္ဇ္ရဲ႕ေခါင္းတုိက္သြင္းဂုိးနဲ႔ အင္တာမီလန္အတြက္ ဦးေဆာင္ဂုိးကုိ သြင္းယူႏုိင္ခဲ႔ေပမယ့္လည္း ဒုတိယပုိင္းမွာ သြင္းယူခဲ႔တဲ႔ အင္တာကစားသမားေဟာင္း ႏုိင္ဂုိလန္ရဲ႕ေခ်ပဂုိးေၾကာင့္ ႏုိင္ပြဲကေန လြဲေခ်ာ္ခဲ႔ရၿပီး လက္ခ်ီနဲ႔ပြဲအၿပီး စီးရီးေအ၂ပြဲဆက္တုိက္ သေရက်ခဲ႔ရပါတယ္။
Photo Credit : Getty Images
ဒီပြဲစဥ္အတြင္းမွာ အင္တာမီလန္အသင္းက ကစားသမားသစ္ အက္ရွ္ေလယန္းရဲ႕ညာျခမ္းကေန ျဖတ္တင္ေပးပုိ႔လုိက္တဲ႔ ျဖတ္တင္ေဘာကေနတစ္ဆင့္ ေလာ္သာရုိမာတီနက္ဇ္က ေခါင္းတုိက္ၿပီး သြင္းဂုိးကုိ စတင္သြင္းယူေပးႏုိင္ခဲ႔ေပမယ့္လည္း ကစားသမားေဟာင္း ဝါရင့္ကြင္းလယ္လူ ႏုိင္ဂုိလန္ရဲ႕အေဝးကန္ခ်က္နဲ႔ ေခ်ပဂုိးျပန္ေပးခဲ႔ရတာျဖစ္ကာ ၁ဂုိးစီသေရက်ခဲ႔ရတာျဖစ္ပါတယ္။ ဒီရလဒ္က အင္တာအတြက္ နစ္နာေစခဲ႔ရသလုိ ပြဲၿပီးခါနီးမွာ အသင္းရဲ႕အဓိကတုိက္စစ္မွဴး မာတီနက္ဇ္ အထုတ္ပယ္ခံလုိက္ရတာကလည္း အသင္းအတြက္ ဆုိးရႊားလွတဲ႔ ထုိးႏွက္ခ်က္ႀကီးတစ္ခု ျဖစ္လာႏုိင္ပါတယ္။
Photo Credit : Getty Images
မာတီနက္ဇ္ဟာ ပထမေတာ့ အဝါကတ္ပဲ ျပသခံရတာျဖစ္ေပမယ့္ တကယ္ျပစ္ဒဏ္က်ဴးလြန္ခံရတာက သူကုိယ္တုိင္ျဖစ္ေနတာမုိ႔ ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကုိ မေက်မနပ္ျဖစ္ခဲ့ၿပီး ေဒါသတႀကီးနဲ႔ ေစာဒကတတ္ခဲ႔တာေၾကာင့္ ဒုိင္လူႀကီးက ၂ဝါ၁နီ ထပ္မံျပသကာ ၿပိဳင္ပြဲကေန ထုတ္ပယ္ခဲ့ပါတယ္။ အထုတ္ပယ္ခံလုိက္ရခ်ိန္မွာ မာတီနက္ဇ္ဟာ ေရဗူးေတြကုိ ကန္ေၾကာက္ပစ္တာနဲ႔ ကြင္းျပင္ပကေန ထြက္ခြာသြားခ်ိန္မွာ မွန္ေဘာင္ေတြကုိ ထုိးနက္ခဲ့တာေတြကုိ လုပ္ေဆာင္ခဲ႔လုိ႔ ဒီအမႈအယာေတြေၾကာင့္ မာတီနက္ဇ္ရဲ႕ျပစ္ဒဏ္က ရုိးရုိး၁ပြဲပယ္ျပစ္ဒဏ္ကေန ၃ပြဲေလာက္အထိကုိ ျပစ္ဒဏ္က်ခံရႏုိင္ပါတယ္။ တကယ္လုိ႔သာ မာတီနက္ဇ္အေနနဲ႔ ၃ပြဲသာ အပယ္ခံရနုိင္မယ္ဆုိရင္ အူဒီးနီးစ္ ေအစီမီလန္ လာဇီယုိအသင္းတုိ႔နဲ႔ ကစားရမယ့္ အီတလီစီးရီးေအပြဲစဥ္ေတြကုိ လြဲေခ်ာ္ရႏုိင္ပါတယ္။ သုံးသပ္ခ်က္ေတြအရေတာ့ မာတီနက္ဇ္ဟာ အနည္းဆုံးေတာ့ ၂ပြဲကုိ ေသခ်ာေပါက္အပယ္ခံရႏုိင္တယ္လုိ႔ သိရပါတယ္။