ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီအနေနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော် ဂန္တဝင်တိုက်စစ်ကစားသမားကြီး ဒီယေဂိုမာရာဒိုနကို ဂုဏ်ပြုဖို့အတွက် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ မာရာဒိုနာရဲ့ အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ စီးရီးအေကလပ် နာပိုလီအသင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပြီး သူလည်း နာပိုလီအသင်းကို မာရီနာဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ ပြောင်းရွှေ့ချင်နေပြီး ဒီလိုသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်လာလိမ့်မယ်လို့လည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၅)ရက်နေ့ကမှ နှလုံးရောဂါပြသာနာနဲ့ ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ မာရာဒိုနာကို ကမ္ဘာ့ဘောလုံးရပ်ဝန်းကနေ ဂုဏ်ပြုမှုအမျိုးမျိုး ပြုလုပ်ခဲ့ကြသလို တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ မက်ဆီကလည်း အိုအာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်အတွင်းမှာ သွင်းဂိုးရယူခဲ့ပြီးနောက် သူရော မာရာဒိုနာပါ ပါဝင်ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားကလပ်အသင်းဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းရဲ့ ဂျာစီနဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်။ ဒါပေမယ့် ဘာစီလိုနာကစားသမားဟောင်းဖြစ်တဲ့ ကယ်ဗင်ပရင့်စ်ဘိုတန်ကတော့ မက်ဆီအနေနဲ့ မာရာဒိုနာကို ဂုဏ်ပြုဖို့အတွက် မာရာဒိုနာရဲ့ ကလပ်အသင်းဟောင်း နာပိုလီအသင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : ESPN

ဘိုတန်က “အခုဆိုရင် မက်ဆီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူသာ နာပိုလီအသင်းကို ဆက်သွယ်ပြီး ကျွန်တော်လာခဲ့ရမလားလို့သာ မေးမြန်းလိုက်မယ်ဆိုရင်တော့ ဘယ်လောက်တောင် အံ့သြစရာကောင်းနေမလဲ တွေးကြည့်လို့ရပါတယ်။ သူတို့ကတော့ မာရာဒိုနာရဲ့ ကျောနံပါတ်တစ်ဆယ်ကိုတော့ ပေးတော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ငါမာရာဒိုနာကို ဂုဏ်ပြုချင်လို့ နေပယ်မြို့ကိုလာပြီး အသင်းအတွက် တစ်နှစ် နှစ်နှစ်လောက် ပါဝင်ကစားချင်ပါတယ်။ ငွေကြေးနဲ့ တခြားဘာကိုမှ မတွေးတောပဲ နှလုံးသားနဲ့ပဲ ကစားပေးချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘိုတန်ဟာ မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ ကာလတို တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပြီး တကယ်လို့များ သူအနေနဲ့ နာပိုလီအသင်းမှာသာ ဆက်လက်ကစားခွင့်ရမယ်ဆိုရင် ရုပ်ရှင်ဆန်ဆန်လို ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နာပိုလီအသင်းအနေနဲ့ကတော့ သူတို့ရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ မာရာဒိုနာရဲ့ ကျောနံပါတ်(၁၀)ကို အနားပေးထားလိုက်ပြီဖြစ်သလို မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ စတော်ဒီယိုဆန်ပိုလိုကွင်းကိုပင် စတော်ဒီယိုဒီယေဂိုအာမန်ဒိုမာရာဒိုနာကွင်းလို့ တရားဝင်နာမည်ပြောင်းလဲခဲ့ပါတယ်။