MySport Myanmar

အရေးကြီးတဲ့ အနိုင် (၃)မှတ် နဲ့ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ကလော့ပ် သုံးသပ်

မနေ့ညက အန်ဖီးလ်ကွင်းမှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်အသင်းကို (၇)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရလိုက်ခြင်းဟာ ပြီးပြည့်စုံတဲ့ နိုင်ပွဲပဲ အသင်းနည်းပြ ယာဂန်ကလော့ပ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ကလော့ပ်က “ပြောစရာ စကားမရှိပါဘူး။ လက်ဖျားခါလောက်စရာကောင်းတဲ့ ဘောလုံးပွဲပါပဲ။ ကျွန်တော်တို့ဟာ ထိပ်တန်း ဘောလုံးအသင်းတစ်သင်းနဲ့ ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တောတို့ လိုချင်တဲ့ပုံစံမျိုးနဲ့ မကစားနိုင်ခဲ့ဘူး။ ပြီးတော့ မယုံနိုင်စရာဂိုးကို သွင်းယူခဲ့တယ်။ ပြီးပြည့်စုံတဲ့ ပေးပို့မှု ပြီးပြည့်စုံတဲ့ အဆုံးသတ်နဲ့ ဂိုး ရယူနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အစက တော်တော် ကောင်းခဲ့ပါတယ်။ အရာအားလုံးက တော်တော် ကောင်းပါတယ်။ ယူနိုက်တက်က ရာသီကောင်းတစ်ခုကို ရရှိခဲ့ပြီး ကျွန်တော်တို့က ကျေနပ်စရာမကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမဲ့ ဒါက ဒီပွဲအတွင်းမှာ ဘာမှ အဓိပ္ပါယ် မရှိတော့သလို ဖြစ်သွားတယ်”

Photo Credit : Daily Mail

“အရေးကြီးတဲ့ သုံးမှတ်ပါပဲ။ အရေးကြီးတာက ကျွန်တော်တို့ သေချာ စွမ်းဆောင်ခဲ့တာပါ။ ကစားသမားတိုင်းဆီကနေ ထိပ်တန်း စွမ်းဆောင်ရည်တွေ ရရှိခဲ့ပါတယ်။ လုပ်စရာတွေကတော့ အများကြီး ကျန်နေသေးတယ် ဆိုပေမဲ့ ဒါက ပြီးပြည့်စုံတဲ့ နိုင်ပွဲပဲ ဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ လိုချင်နေတဲ့ တွန်အားပါပဲ။ ကျွန်တော်တို့က top-four ဝန်းကျင်နားမှာ ရှိနေဆဲဖြစ်ပြီး ဒီနေ့ညမှာ ကျွန်တော်က ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာက ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးရလဒ်တွေအကြောင်း မပြောပါဘူး။ စွမ်းဆောင်ရည်အကြောင်းတွေပဲ ပြောပါတယ်။ ကျွန်တော်တို့ အဆင့်သင့် ဖြစ်နေပြီဆိုတာ သေချာအောင် လုပ်ရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါ့အပြင် ကလော့ပ်က အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ရသူ မိုဆာလာနဲ့ ပတ်သတ်ပြီး “ဒါက ရူးလောက်စရာကောင်းပါတယ်။ (၁၂၉)ဂိုးဆိုတာ ရူးလောက်စရာ ဂိုးပမာဏပဲ။ ဒါက တကယ် ထူးခြားတယ်။ သူက တကယ်ကို ထူးခြားတဲ့ ကစားသမားပါ” လို့ ချီးမွှမ်း ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အဆင့်(၄)နေရာက စပါးအသင်းနဲ့ (၃)မှတ်သာ ကွာဟနေပါတော့တယ်။

Exit mobile version