မနေ့ညက ကျင်းပခဲ့တဲ့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အသင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက လိဂ်ဝမ်းကလပ် ထရန်မဲအသင်းကို အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ကစားခဲ့ရင်းနဲဲ့ ၆ဂိုး ဂိုးမရှိနဲ့ကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းက ကစားသမား၆ယောက်ရဲ့ သွင်းဂိုးတွေနဲ့ ထရန်မဲအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးမသွင်းနိုင်တာကြာပြီဖြစ်တဲ့ လင်ဂတ် ဖီးလ်ဂျုံး ဒါလော့တို့လည်း သွင်းဂိုးတွေရယူနိုင်ခဲ့သလို နောက်ခံလူမက်ဂွိုင်းယားကလည်း ယူနိုက်တက်အတွက် သူရဲ့ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းဟာ ပထမပိုင်းအတွင်းမှာပဲ အိမ်ရှင်ထရန်မဲအသင်းဘက်ကို ၅ဂိုးပြတ်သွင်းယူနိုင်ခဲ့တာဖြစ်သလို ပွဲချိန်၆မိနစ်အတွင်း ၃ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို အသင်းရဲ့နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက တိုက်စစ်မှူးတစ်ယောက်လို ပုံစံမျိုးနဲ့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက မက်ဂွိုင်းယားရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ပြီး တတိယမြောက်သွင်းဂိုးဖြစ်တဲ့ လင်ဂတ်ရဲ့ဂိုးကိုလည်း မက်ဂွိုင်းယားကပဲ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

တကယ်တော့ ယူနိုက်တက်အသင်း ရင်ဆိုင်ကစားခဲ့ရတဲ့ ထရန်မဲအသင်းက လိဂ်ဝမ်းမှာတောင် အခြေအနေသိပ်မဟန်လှတဲဲ့ အသင်းငယ်လေးတစ်သင်းဖြစ်သလို သူတို့အသင်းရဲ့ အိမ်ကွင်းမြက်ခင်းပြင်ကလည်း ယူနိုက်တက်ကစားသမားတွေအတွက် ဆိုးရွှားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မက်ဂွိုင်းယားက “ဒါက ခက်ခဲလွန်းတယ်။ ဒါပေမယ့် ဒါက နှစ်သင်းလုံးအတွက် အတူတူပဲလေ။ ဒီကို လာကစားတဲ့အခါကျရင် ခက်ခဲလိမ့်မယ်လို့ ကျွန်တော်တို့တွေ သိထားပြီးသားပါ။ သွေးပူလေ့ကျင့်ခန်းဆင်းနေချိန်မှာတောင် ခက်ခဲမှုတွေနဲဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့်လည်း ကစားရတာပဲလေ။ အခြေအနေတွေကို အကောင်းဆုံးဖြစ်လာနိုင်အောင် သေချာထိန်းချုပ်ပြီး ကစားခဲ့တယ်။ ဘောလုံးရအောင်လုပ်ဖို့က အရေးတကြီးအရာအဖြစ် သိမှတ်ထားခဲ့တယ်။ ရလဒ်ဆိုးတွေ ရင်ဆိုင်ရပြီးနောက် အခုလို နိုင်ပွဲပြန်ရလိုက်တာကတော့ အသင်းအတွက် ကျေနပ်စရာပါ။ ကျွန်တော်လည်း ဒီနှစ်အတွင်းမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမရနိုင်ခဲ့တာ အချိန်အတော်ကြာပါပြီ။ အခုလို အသင်းကို နောက်တစ်ဆင့်တတ်စေနိုင်မယ့် အောင်ပွဲအတွင်း ကျွန်တော့်သွင်းဂိုးနဲ့ ကူညီနိုင်ခဲ့တဲ့အပေါ် အရမ်းဝမ်းမြောက်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲဲ့ပါတယ်။

(Zawgyi)

ထရန္မဲအသင္းရဲ႕ ကြင္းမ်က္ႏွာျပင္ အေနအထားနဲ႔ပတ္သက္ၿပီး မက္ဂြိဳင္းယားဖြင့္ဟ

မေန႔ညက က်င္းပခဲ႔တဲ႔ အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္အသင္းမွာ မန္ခ်က္စတာယူနုိက္တက္အသင္းက လိဂ္ဝမ္းကလပ္ ထရန္မဲအသင္းကုိ အေဝးကြင္းမွာ လာေရာက္ရင္ဆုိင္ကစားခဲ႔ရင္းနဲဲ႔ ၆ဂုိး ဂုိးမရွိနဲ႔ကုိ ျပတ္ျပတ္သားသား အႏုိင္ယူခဲ႔ၿပီး ေနာက္တစ္ဆင့္ကုိ တတ္လွမ္းသြားႏုိင္ခဲ႔ပါတယ္။ ဒီပြဲမွာ ယူႏုိက္တက္အသင္းက ကစားသမား၆ေယာက္ရဲ႕ သြင္းဂုိးေတြနဲ႔ ထရန္မဲအသင္းကုိ ဂုိးျပတ္အႏုိင္ရခဲ႔တာျဖစ္ၿပီး အသင္းအတြက္ ဂုိးမသြင္းႏုိင္တာၾကာၿပီျဖစ္တဲ႔ လင္ဂတ္ ဖီးလ္ဂ်ံဳး ဒါေလာ့တုိ႔လည္း သြင္းဂုိးေတြရယူႏုိင္ခဲ႔သလုိ ေနာက္ခံလူမက္ဂြိဳင္းယားကလည္း ယူႏုိက္တက္အတြက္ သူရဲ႕ပထမဆုံးသြင္းဂုိးကုိ ရယူႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ယူနုိက္တက္အသင္းဟာ ပထမပုိင္းအတြင္းမွာပဲ အိမ္ရွင္ထရန္မဲအသင္းဘက္ကုိ ၅ဂုိးျပတ္သြင္းယူႏုိင္ခဲ႔တာျဖစ္သလုိ ပြဲခ်ိန္၆မိနစ္အတြင္း ၃ဂုိးျပတ္နဲ႔ ဦးေဆာင္ႏုိင္ခဲ႔တာလည္းျဖစ္ပါတယ္။ ဒီပြဲမွာ ယူနုိက္တက္အသင္းအတြက္ ဦးေဆာင္ဂုိးကုိ အသင္းရဲ႕ေနာက္ခံကစားသမား ဟယ္ရီမက္ဂြိဳင္းယားက တုိက္စစ္မွဴးတစ္ေယာက္လုိ ပုံစံမ်ိဳးနဲ႔ သြင္းယူေပးသြားခဲ႔တာျဖစ္ပါတယ္။ ဒီဂုိးက မက္ဂြိဳင္းယားရဲ႕ ယူႏုိက္တက္ကစားသမားဘဝ ပထမဆုံးသြင္းဂုိးျဖစ္ၿပီး တတိယေျမာက္သြင္းဂုိးျဖစ္တဲ႔ လင္ဂတ္ရဲ႕ဂုိးကုိလည္း မက္ဂြိဳင္းယားကပဲ ဖန္တီးေပးႏုိင္ခဲ႔ပါေသးတယ္။

Photo Credit : Getty Images

တကယ္ေတာ့ ယူႏုိက္တက္အသင္း ရင္ဆုိင္ကစားခဲ့ရတဲ႔ ထရန္မဲအသင္းက လိဂ္ဝမ္းမွာေတာင္ အေျခအေနသိပ္မဟန္လွတဲဲ႔ အသင္းငယ္ေလးတစ္သင္းျဖစ္သလုိ သူတုိ႔အသင္းရဲ႕ အိမ္ကြင္းျမက္ခင္းျပင္ကလည္း ယူႏုိက္တက္ကစားသမားေတြအတြက္ ဆုိးရႊားႏုိင္တဲ့ အေနအထားမ်ိဳး ျဖစ္ေနခဲ႔ရပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး မက္ဂြိဳင္းယားက “ဒါက ခက္ခဲလြန္းတယ္။ ဒါေပမယ့္ ဒါက ႏွစ္သင္းလုံးအတြက္ အတူတူပဲေလ။ ဒီကုိ လာကစားတဲ႔အခါက်ရင္ ခက္ခဲလိမ့္မယ္လုိ႔ ကြ်န္ေတာ္တုိ႔ေတြ သိထားၿပီးသားပါ။ ေသြးပူေလ့က်င့္ခန္းဆင္းေနခ်ိန္မွာေတာင္ ခက္ခဲမႈေတြနဲဲ႔ ရင္ဆုိင္ခဲ႔ရတယ္။ ဒါေပမယ့္လည္း ကစားရတာပဲေလ။ အေျခအေနေတြကုိ အေကာင္းဆုံးျဖစ္လာႏုိင္ေအာင္ ေသခ်ာထိန္းခ်ဳပ္ၿပီး ကစားခဲ႔တယ္။ ေဘာလုံးရေအာင္လုပ္ဖုိ႔က အေရးတႀကီးအရာအျဖစ္ သိမွတ္ထားခဲ႔တယ္။ ရလဒ္ဆုိးေတြ ရင္ဆုိင္ရၿပီးေနာက္ အခုလုိ ႏုိင္ပြဲျပန္ရလုိက္တာကေတာ့ အသင္းအတြက္ ေက်နပ္စရာပါ။ ကြ်န္ေတာ္လည္း ဒီႏွစ္အတြင္းမွာ အခြင့္အေရးေတြ ရခဲ႔ေပမယ့္ ဂုိးမရႏုိင္ခဲ႔တာ အခ်ိန္အေတာ္ၾကာပါၿပီ။ အခုလုိ အသင္းကုိ ေနာက္တစ္ဆင့္တတ္ေစႏုိင္မယ့္ ေအာင္ပြဲအတြင္း ကြ်န္ေတာ့္သြင္းဂုိးနဲ႔ ကူညီႏုိင္ခဲ႔တဲ႔အေပၚ အရမ္းဝမ္းေျမာက္မိပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲဲ႔ပါတယ္။