MySport Myanmar

ပထမပိုင်းမှာကတည်းက (၃)ဂိုး (၄)ဂိုးလောက် အပြတ်အသတ် ဖြစ်သွားသင့်တယ်လို့ တန်ဟက်ဂ် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အသင်းဟာ နယူးပို့တ်နဲ့ FA Cup ပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပင် (၃)ဂိုး (၄)ဂိုးလောက်အထိ ဂိုးအပြတ်အသတ်နဲ့ ဖြစ်သွားသင့်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လိဂ်တူးကလပ် နယူးပို့တ်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပေမယ့် နယူးပို့တ်ဘက်ကို ပေးဂိုး (၂)ဂိုးထိ ပြန်လည် ခွင့်ပြုခဲ့ရရင်း အသင်းရဲ့ စွမ်းဆောင်ရည်ဟာလည်း ကျေနပ်လောက်စရာ မရှိပဲ ရလဒ်ပိုင်းသာ ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Bruno Fernandes X

နယူးပို့တ်က လိဂ်တူးမှာတောင် အလယ်အလတ် အဆင့်သာ ရပ်တည်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း ယူနိုက်တက်ကိုတော့ (၂)ဂိုးတောင် ပြန်လည် သွင်းယူနိုင်ခဲ့ပြီး ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဝီလ်အီဗန်ဆိုရင်လည်း လွန်ခဲ့တဲ့ (၃)နှစ်က လယ်သမားအဖြစ် လုပ်ကိုင်နေသူပါ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် အစပိုင်းမှာလည်း ယူနိုက်တက်က ဖာနန်ဒက်စ် မိုင်နူးတို့ရဲ့ ဂိုးတွေနဲ့ ပွဲကို အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ချေပဂိုး (၂)ဂိုး ပြန်ခွင့်ပြုရပြီး အန်တိုနီ ဟွိုင်လန်းတို့က ဂိုးတွေ ထပ်သွင်းယူနိုင်လို့သာ (2-4) နဲ့ အနိုင်ရရင်း နောက်တစ်ဆင့် တက်လှမ်းသွားရပါတယ်။

Photo Credit : UtdDistrict

ဒီပွဲနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ပထမပိုင်း ပွဲကစားချိန် (၃၅)မိနစ်လောက်မှာ အသင်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားရင်း အလွန် သက်တောင့်သက်သာ ဖြစ်နေရပါတယ်။ တကယ်ဆိုရင် အဲ့ဒီအချိန်မှာ (၃)ဂိုး (၄)ဂိုးလောက်အထိကို အပြတ်အသတ် ဖြစ်နေရမှာ။”

“ပြိုင်ဘက်အသင်းဘက်ကတော့ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ ခံစစ် အကူးအပြောင်းကတော့ သိပ်ပြီး ကျေနပ်စရာမှာ ရှိမနေပါဘူး။ ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရလဒ်နဲ့ စတင်ဖို့ လိုအပ်လာခဲ့ပြီး အခု ကျွန်တော်တို့ ဖြစ်ချင်သလို လုပ်ဆောင်နိုင်ခဲ့ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version