မနေ့ညက ကျင်းပသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲဲ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ မိနစ်၃၀ဝန်းကျင်မှာပဲ အာဆင်နယ်ဘက်ကနေ ကစားသမားတစ်ယောက် အထုတ်ခံခဲ့ရပေမယ့် ပွဲကပွဲဲချိန်ပြည့်အထိ တစ်ဖက်သတ်မဆန်သွားခဲဲ့ပဲနဲ့ တစ်ယောက်လျော့ အာဆင်နယ်အသင်းရဲ့မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျခဲ့ရတာဖြစ်ပြီး ဒါဟာ ကစားသမား တစ်ယောက်လည်းအသာရ ကစားပုံမှာလည်း အာဆင်နယ်ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအတွက်တော့ နစ်နာစရာ ဖြစ်ခဲ့ရကာ နိုင်သင့်တဲ့ပွဲမှာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ပွဲကစားချိန် ၂၆မိနစ်ခန့်မှာ အာဆင်နယ်နောက်ခံလူ မူစတာဖီရဲ့ဆိုးရွှားလွန်းလှတဲ့ လူပေးမှားမှုကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး တမ်မီအေဘရာဟမ်က အခွင့်အရေးရသွားခဲ့ပြီး ဒါကို ဒေးဗစ်လုဇ်က လိုက်လံဟန့်တားရင်း အေဘရာဟမ်ကို ကြမ်းတမ်းစွာဖြတ်ထုတ်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ချယ်လ်ဆီးဘက်ကိုလည်း ပင်နယ်တီကန်ခွင့်ကို ပြုခဲ့ပါတယ်။ ဒါကို ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ကာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မာတီနယ်လီနဲဲ့ ဘယ်လာရင်တို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရာပြီး သရေပွဲအဖြစ်နဲ့ပဲ အဆုံးသတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီသရေပွဲကြောင့် ပင်နယ်တီကနေ ဦးဆောင်ဂိုးကို သွင်ယူပေးခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ အရမ်းကို စိတ်ပျက်ခဲဲ့ရပြီး “ရှုံးပွဲတစ်ပွဲဲနဲ့ ရင်ဆိုင်လိုက်ရသလို ခံစားခဲ့ရတယ်” လို့ BT Sports နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက “ပွဲတစ်ပွဲလုံးကို ကျွန်တော်တို့က ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့်လည်း နောက်ကျမိနစ်ကျမှ မပေးသင့်တဲ့ပုံစံကနေ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒါက အရမ်းခက်ခဲဲတယ်။ ကျွန်တော်တို့တွေ နောက်ပွဲတွေမှာတော့ ပုံစံကောင်းပြန်ပြနိုင်အောင် ကြိုးစားရပါမယ်။ ဒါက ယုံကြည်မှုပြင်းထန်ုလို့ သရေရအောင် ကစားနိုင်ခဲ့တာာလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့တွေက အကောင်းဆုံးကစားခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့တာပဲလေ။ အာရုံစူးစိုက်မှုကြောင့်လို့ပဲ ထင်မိပါတယ်။ ဒီလိုပွဲမျိုးတွေမှာ သင်အနေနဲ့ အမှားတွေ မလုပ်သင့်ဘူး။ ကျွန်တော်တို့ဘက်ကနေ အမှားတချို့ ကျူးလွန်ခဲ့တယ်။ အဲ့ဒါကြောင့်ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးက လာမယ့်ရက်ပိုင်းအတွင်းမှာ လက်စတာ မန်ချက်စတာယူနိုက်တက် စပါးတို့နဲ့ ပွဲကျပ်တွေ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီပွဲတွေမှာ  ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။

(Zawgyi)

ရွံးပြဲေတြ႕လုိက္ရသလုိ ခံစားခဲ႔ရတယ္လုိ႔ ဖြင့္ဟလာခဲ႔တဲ့ ခ်ယ္လ္ဆီးကစားသမား ေဂ်ာ္ဂ်င္ဟုိ

မေန႔ညက က်င္းပသြားခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲဲ႕ လန္ဒန္ဒါဘီပြဲစဥ္ဟာ မိနစ္၃၀ဝန္းက်င္မွာပဲ အာဆင္နယ္ဘက္ကေန ကစားသမားတစ္ေယာက္ အထုတ္ခံခဲ႔ရေပမယ့္ ပြဲကပြဲဲခ်ိန္ျပည့္အထိ တစ္ဖက္သတ္မဆန္သြားခဲဲ႔ပဲနဲ႔ တစ္ေယာက္ေလ်ာ့ အာဆင္နယ္အသင္းရဲ႕မဆုတ္မနစ္ ႀကိဳးပမ္းမႈေၾကာင့္ တစ္ဖက္ကုိ ၂ဂုိးစီနဲ႔ သေရက်ခဲ႔ရတာျဖစ္ၿပီး ဒါဟာ ကစားသမား တစ္ေယာက္လည္းအသာရ ကစားပုံမွာလည္း အာဆင္နယ္ထက္ ပုိေကာင္းေအာင္ ကစားႏုိင္ခဲ႔တဲ႔ ခ်ယ္လ္ဆီးအတြက္ေတာ့ နစ္နာစရာ ျဖစ္ခဲ႔ရကာ ႏုိင္သင့္တဲ႔ပြဲမွာ သေရတစ္မွတ္နဲ႔ပဲ ေက်နပ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ပြဲကစားခ်ိန္ ၂၆မိနစ္ခန္႔မွာ အာဆင္နယ္ေနာက္ခံလူ မူစတာဖီရဲ႕ဆုိးရႊားလြန္းလွတဲ႔ လူေပးမွားမႈေၾကာင့္ ခ်ယ္လ္ဆီးတုိက္စစ္မွဴး တမ္မီေအဘရာဟမ္က အခြင့္အေရးရသြားခဲ႔ၿပီး ဒါကုိ ေဒးဗစ္လုဇ္က လုိက္လံဟန္႔တားရင္း ေအဘရာဟမ္ကုိ ၾကမ္းတမ္းစြာျဖတ္ထုတ္မိခဲ့တာေၾကာင့္ တုိက္ရုိက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ႔ရသလုိ ခ်ယ္လ္ဆီးဘက္ကုိလည္း ပင္နယ္တီကန္ခြင့္ကုိ ျပဳခဲ႔ပါတယ္။ ဒါကုိ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟုိက အမွားအယြင္းမရွိ ကန္သြင္းယူခဲ႔ကာ ဦးေဆာင္ႏုိင္ခဲ႔ေပမယ့္လည္း မာတီနယ္လီနဲဲ႔ ဘယ္လာရင္တုိ႔ရဲ႕ ေခ်ပဂုိးေတြကုိ ျပန္လည္ခြင့္ျပဳခဲ႔ရာၿပီး သေရပြဲအျဖစ္နဲ႔ပဲ အဆုံးသတ္လုိက္ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီသေရပြဲေၾကာင့္ ပင္နယ္တီကေန ဦးေဆာင္ဂုိးကုိ သြင္ယူေပးခဲ႔တဲ႔ ေဂ်ာ္ဂ်င္ဟုိဟာ အရမ္းကုိ စိတ္ပ်က္ခဲဲ႔ရၿပီး “ရွုံးပြဲတစ္ပြဲဲနဲ႔ ရင္ဆုိင္လုိက္ရသလုိ ခံစားခဲ႔ရတယ္” လုိ႔ BT Sports နဲ႔ အင္တာဗ်ဴးမွာ ေျဖဆုိသြားခဲ႔ပါတယ္။ ေဂ်ာ္ဂ်င္ဟုိက “ပြဲတစ္ပြဲလုံးကုိ ကြ်န္ေတာ္တုိ႔က ထိန္းခ်ဳပ္ကစားႏုိင္ခဲ႔ေပမယ့္လည္း ေနာက္က်မိနစ္က်မွ မေပးသင့္တဲ႔ပုံစံကေန ေခ်ပဂုိးကုိ ျပန္လည္ခြင့္ျပဳခဲ႔ရပါတယ္။ ဒါက အရမ္းခက္ခဲဲတယ္။ ကြ်န္ေတာ္တုိ႔ေတြ ေနာက္ပြဲေတြမွာေတာ့ ပုံစံေကာင္းျပန္ျပႏုိင္ေအာင္ ႀကိဳးစားရပါမယ္။ ဒါက ယုံၾကည္မႈျပင္းထန္ုလုိ႔ သေရရေအာင္ ကစားႏုိင္ခဲ႔တာာလုိ႔ ကြ်န္ေတာ္မထင္ပါဘူး။ ကြ်န္ေတာ္တုိ႔ေတြက အေကာင္းဆုံးကစားခဲ႔ၿပီး ထိန္းခ်ဳပ္ႏုိင္ခဲ႔တာပဲေလ။ အာရုံစူးစုိက္မႈေၾကာင့္လုိ႔ပဲ ထင္မိပါတယ္။ ဒီလုိပြဲမ်ိဳးေတြမွာ သင္အေနနဲ႔ အမွားေတြ မလုပ္သင့္ဘူး။ ကြ်န္ေတာ္တုိ႔ဘက္ကေန အမွားတခ်ိဳ႕ က်ဴးလြန္ခဲ႔တယ္။ အဲ့ဒါေၾကာင့္ပါပဲ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ခ်ယ္လ္ဆီးက လာမယ့္ရက္ပုိင္းအတြင္းမွာ လက္စတာ မန္ခ်က္စတာယူႏုိက္တက္ စပါးတုိ႔နဲ႔ ပြဲက်ပ္ေတြ ဆက္လက္ရင္ဆုိင္ရဦးမွာျဖစ္လုိ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဒီပြဲေတြမွာ  ရလဒ္ေကာင္းဖုိ႔ လုိအပ္ေနပါတယ္။