ကမ္ဘာကျော် Streamer တစ်ဦးဖြစ်တဲ့ iShowSpeed က နာမည်ကြီး ဘောလုံးသမားဟောင်းတွေရဲ့ ရန်ပုံငွေ ဘောလုံးပွဲစဉ်ကို ပါဝင်ဆင်နွဲရင်းနဲ့ အိုင်ဗရီကို့စ် ဂန္တဝင်ကစားသမားကြီး ဒီဒီယာ ဒရော့ဘာကို ပေါလ် ပေါ့ဘာရဲ့ အဖေလားလို့ မေးမြန်းစပ်စုသွားခဲ့ပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Match for Hope ရန်ပုံငွေ ဘောလုံးပွဲစဉ်မှာ ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီးတွေဖြစ်တဲ့ ဒရော့ဘာ ၊ ကာကာ ၊ ဒေးဗစ် ဗီလာ ၊ ရောဘတ်တို ကားလို့စ် ၊ အီဒင် ဟာဇက်တို့ ပါဝင် ဆင်နွဲခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီပွဲစဉ်မှာ နာမည်ကြီး ဘောလုံးသမားများနဲ့အတူ နာမည်ကြီး ဆယ်ကျော်သက် Streamer ဖြစ်သူ iShowSpeed ကပါ ပါဝင်သွားခဲ့ပြီး ယှဉ်ပြိုင်ကစားနေစဉ်အတွင်း ဟာသဖြစ်ရပ်တွေ လုပ်ဆောင်ခဲ့ရုံမကပဲ ပွဲအပြီးမှာပါ အားလုံးပွဲကျသွားစေမယ့် အရာတစ်ခုကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ပွဲအပြီးမှာပဲ iShowSpeed က ချယ်လ်ဆီးရဲ့ legend player ဟောင်းကြီး ဒရော့ဘာနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒရော့ဘာကို မန်ယူနိုက်တက် ကစားသမားဟောင်း ပေါ့ဘာရဲ့ အဖေလားလို့ မေးမြန်းလိုက်ရာ ဒရော့ဘာက မဟုတ်ကြောင်း ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

နောက်ပြီး iShowSpeed ရဲ့ မေးခွန်းကို ဒရော့ဘာက “ငါက ဒရော့ဘာ အဖေတော့ မဟုတ်ဘူး။ ငါက မူရင်း။ သူကတော့ ကော်ပီပွားထားတာ။” လို့ ထပ်မံ ဖြေဆိုသွားခဲ့ပါတယ်။

iShowSpeed က သူဂိမ်းဆော့တဲ့အခါမှာရော အခုလို အပြင်မှာ ဘောလုံးကစားရချိန်တွေအထိပါ အမြဲတမ်းလိုလို တလွဲတွေ ပြောဆိုလုပ်ဆောင်တက်သူဖြစ်ပြီး မကြာသေးခင်က အင်တာ မိုင်ယာမီအသင်းရဲ့ ပွဲစဉ်မှာလည်း ကစားသမားတွေနဲ့ တွေ့ဆုံရင်း မိုင်ယာမီ ကွင်းလယ်လူ ဘူးစကွက်စ်ကို ဘီစကစ်လို့ပါ တလွဲခေါ်ဆိုခဲ့ပါသေးတယ်။