စပိန်လက်ရွေးစင် ကစားသမား တစ်ဦးလည်း ဖြစ်၊ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦးလည်း ဖြစ်တဲ့ အစ္စကို ဟာ ရီးရဲမက်ဒရစ် အသင်းမှာ မပျော်ရွှင်တော့ပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အတွက် ရည်ရွယ်ထားပြီးတော့ ရီးရဲလ် အသင်းဘက် ကနေလည်း ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းရဲ့ ကမ်းလှမ်းမှုတွေသာ အသင်းအတွက် ကိုက်ညီရင် ထွက်ခွာနိုင်တယ်ဆိုပြီး မီးစိမ်းပြထားပါတယ်။ အစ္စကို အနေနဲ့ ဒီရာသီ ခြေစွမ်းပိုင်းက အကျဘက်ကို ရောက်ရှိနေကာ အသင်းအတွက် ၆ ပွဲကစားပြီး တစ်ဂိုးမှ သွင်းယူ ထားနိုင်ခြင်း မရှိသလို တစ်ဂိုးမှလည်း ဖန်တီးထား နိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Marca

ကွင်းလယ် ကစားသမား အစ္စကို အနေနဲ့ အသင်းကနေ ထွက်ခွာချင်ရတဲ့ အဓိက အကြောင်းအရင်း ကတော့ အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း နဲ့ သူ ရဲ့ ကြားမှာ ရှုပ်ထွေးလှတဲ့ ပြဿနာ လေးတွေ ရှိနေတာကြောင့် ဖြစ်ပြီး ကစားသမား အနေနဲ့ကလည်း သူနဲ့ ထိုက်တန်သလောက် အခွင့်အရေးတွေ မပေးတဲ့ အပေါ်မှာ နည်းပြ ကို မကျေမနပ် ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မာလာဂါအသင်း ကနေ စတင် ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်တဲ့ အစ္စကို ဟာ အသင်းကို သူ့အနေနဲ့ လာမယ့် ဆောင်းရာသီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ ထွက်ခွာတော့မယ် ဆိုပြီး အသိပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ မကြာသေးခင် ရက်ပိုင်း အတွင်းကလည်း အစ္စကို နဲ့ ပတ်သက်ပြီး ကောလဟာလ များ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အစ္စကိုကို ခေါ်ယူဖို့ အဲဗာတန် က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့ တွဲဖက် ကစားစေချင် နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့်လည်း အဲဗာတန်အသင်းရဲ့ နည်းပြ ဖြစ်သူ အန်ဆလော့တီက အဆိုပါ သတင်းတွေဟာ ကောလဟာလ သက်သက်သာ ဖြစ်ကြောင်းနဲ့ အဲ့ဒါက အဓိပ္ပါယ် မရှိဘူးလို့ အလျင်အမြန်ပဲ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ အဆန်စီရို ဟာ ပွဲထွက် ကစားခွင့် ပျောက်ဆုံးခဲ့တာ ကြာနေရာကနေ အသင်းမှာ ပြန်လည် နေရာ ရလာခဲ့သလို ရီးရဲလ် ဆိုစီဒက် ကို အငှားချထားတဲ့ ရီးရဲလ် ကစားသမား တစ်ဦး ဖြစ်တဲ့ မာတင် အိုဒီဂတ် ကလည်း အသင်းကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်တာကြောင့် အစ္စကို အနေနဲ့ ရာသီအစပိုင်းမှာ ပွဲထွက်ခွင့် ရရှိဖို့ စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အစ္စကို ဟာ ရီးရဲလ် အသင်းနဲ့ စာချုပ် ဟာ ၂၀၂၂ အထိ ရှိနေကာ ယခုလက်ရှိ အပြောင်းအရွှေ့ ဈေးကွက် မှာတော့ အစ္စကို ဟာ ယူရို သန်း ၃၀ တန်ကြေး ရှိနေပါတယ်။ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အစ္စကို အတွက် ဒီထက်မက ပိုရနိုင်တယ် ဆိုပြီး ယုံကြည် နေကြပါတယ်။ ရီးရဲလ် အသင်းအနေနဲ့ အစ္စကို ရဲ့ ပြောင်းရွှေ့မှုကို ခွင့်ပြုပေးထားပေမယ့် ခေါ်ယူဖို့ ကမ်းလှမ်းမှု ကတော့ သူတို့ သတ်မှတ်ထားတဲ့ တန်ဖိုး အတိုင်း ပေးချေမှသာ ခေါ်ယူနိုင်မှာပါ။