အိုက္စ္ကိုဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ အဆိုးဆုံးရာသီကို ရင္ဆိုင္ခဲ့ၿပီးေနာက္ နည္းျပဇီဒန္းလက္ေအာက္မွာ အေရးပါတဲ့ ကစားသမားတစ္ဦး ျပန္လည္ျဖစ္လာပါတယ္။သူ႔အတြက္ ပထမႀကိမ္အျဖစ္ ႏွစ္ပြဲဆက္ ကစားခဲ့ရာမွာ ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဆြတ္ခူးစဥ္ကလိုပဲ ယုံၾကည္မႈအျပည့္နဲ႔ ေျခစြမ္းျပကစားလာႏိုင္တာ ေတြ႕ရပါတယ္။

Source:Marca.com

ရီးရဲလ္က Alaves အသင္းကို ၂-၁ ျဖင့္ အႏိုင္ကစားခဲ့ၿပီးေနာက္ နည္းျပဇီဒန္းက “သူ႔ကို (အိုက္စ္ကို) ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ ေမ့မထားပါဘူး။သူဟာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ခက္ခဲတဲ့ အေျခအေနေတြမွာလည္း အၿမဲတမ္း အေကာင္းဆုံးစြမ္းေဆာင္သူပါ။” လို႔ ဆိုပါတယ္။အဆိုပါပြဲစဥ္မွာ အိုက္စ္ကိုရဲ႕ ေခါင္းတိုက္‌ခ်က္ဟာ ဂိုးသမားဆီကေန ျပန္ကန္ထြက္လာခဲ့ၿပီး ကာဗာက်ယ္က ထပ္မံပိတ္သြင္းရာကေန ရီးရဲလ္အသင္းကို ခါးသီးတဲ့ၿပိဳင္ဘက္ ဘာစီလိုနာနဲ႔ ဇယားထိပ္မွာ အၿပိဳင္ရပ္တည္ေစခဲ့ပါတယ္။

Source:Marca.com

“အိုက္စ္ကိုဟာ ေဘာလုံးရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ပြဲေကာင္းတစ္ပြဲေတာ့ အၿမဲဖန္တီးႏိုင္သူပါ။အားမာန္အျပည့္နဲ႔ ႀကိဳးႀကိဳးစားစား ကစားသူပါ။”လို႔ ကြင္းလည္လူ တိုနီခ႐ူးစ္ကလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

Source:the Mirror.com

အိုက္စ္ကိုအေနနဲ႔နည္းျပေဟာင္း ဆန္တီယာကိုဆိုလာရီ လက္ေအာက္မွာ အေျခအေနမဟန္ျဖစ္ခဲ့ရကာ အသင္းမွ ထြက္ခြာလိမ့္မယ္ဆိုတဲ့ ေကာလဟာလေတြပါ ထြက္ေပၚလာသည္အထိ အေျခအေန ဆိုး႐ြားခဲ့ပါတယ္။ (၂၇)ႏွစ္အ႐ြယ္ အိုက္စ္ကိုဟာ ႂကြက္သားဒဏ္ရာေၾကာင့္ ယခုရာသီအစမွာ ေကာင္းေကာင္းကစားခြင့္မရခဲ့ပါဘူး။ဒဏ္ရာသက္သာၿပီးေနာက္ပိုင္းလည္း အခြင့္အေရးနည္းေနခဲ့ပါတယ္။ဒါေပမဲ့ အိုက္စ္ကိုဟာ နည္းျပဇီဒန္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား (၃)ႀကိမ္ ဆြတ္ခူးခဲ့တဲ့ ရာဇဝင္ေကာင္း ပိုင္ဆိုင္ထားတာေၾကာင့္ နည္းျပကလည္း သူ႔ကို စြန႔္လႊတ္ဖို႔ အသင့္မျဖစ္ေသးပါဘူး။မက္ဒရစ္နဲ႔အတူ အေမွာင္ညေတြ ျဖတ္သန္းခဲ့ၿပီး မက္ဒရစ္နဲ႔အတူ တစ္ေၾကာ့ျပန္ ေမြးဖြားလာျခင္းဟာ ၎အေနနဲ႔ တစ္ခ်ိန္က စိုးမိုးခဲ့တဲ့ ႏိုင္ငံအသင္းမွာ ျပန္လည္ေနရာရေစဖို႔ အလားအလာရွိ‌ေစပါတယ္။

(Unicode)

အိုက်စ်ကိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အဆိုးဆုံးရာသီကို ရင်ဆိုင်ခဲ့ပြီးနောက် နည်းပြဇီဒန်းလက်အောက်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ပြန်လည်ဖြစ်လာပါတယ်။သူ့အတွက် ပထမကြိမ်အဖြစ် နှစ်ပွဲဆက် ကစားခဲ့ရာမှာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆွတ်ခူးစဉ်ကလိုပဲ ယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းပြကစားလာနိုင်တာ တွေ့ရပါတယ်။

Source:Marca.com

ရီးရဲလ်ကAlaves အသင်းကို ၂-၁ ဖြင့် အနိုင်ကစားခဲ့ပြီးနောက် နည်းပြဇီဒန်းက “သူ့ကို (အိုက်စ်ကို) ကျွန်တော်တို့ ဘယ်တော့မှ မေ့မထားပါဘူး။သူဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ခက်ခဲတဲ့ အခြေအနေတွေမှာလည်း အမြဲတမ်း အကောင်းဆုံးစွမ်းဆောင်သူပါ။” လို့ ဆိုပါတယ်။အဆိုပါပွဲစဉ်မှာ အိုက်စ်ကိုရဲ့ ခေါင်းတိုက်‌ချက်ဟာ ဂိုးသမားဆီကနေ ပြန်ကန်ထွက်လာခဲ့ပြီး ကာဗာကျယ်က ထပ်မံပိတ်သွင်းရာကနေ ရီးရဲလ်အသင်းကို ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာနဲ့ ဇယားထိပ်မှာ အပြိုင်ရပ်တည်စေခဲ့ပါတယ်။

Source:Marca.com

“အိုက်စ်ကိုဟာ ဘောလုံးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပွဲကောင်းတစ်ပွဲတော့ အမြဲဖန်တီးနိုင်သူပါ။အားမာန်အပြည့်နဲ့ ကြိုးကြိုးစားစား ကစားသူပါ။”လို့ ကွင်းလည်လူ တိုနီခရူးစ်ကလည်း ချီးကျူးသွားခဲ့ပါတယ်။

Source:the Mirror

အိုက်စ်ကိုအနေနဲ့ နည်းပြဟောင်း ဆန်တီယာကိုဆိုလာရီ လက်အောက်မှာ အခြေအနေမဟန်ဖြစ်ခဲ့ရကာ အသင်းမှ ထွက်ခွာလိမ့်မယ်ဆိုတဲ့ ကောလဟာလတွေပါ ထွက်ပေါ်လာသည်အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ (၂၇)နှစ်အရွယ် အိုက်စ်ကိုဟာ ကြွက်သားဒဏ်ရာကြောင့် ယခုရာသီအစမှာ ကောင်းကောင်းကစားခွင့်မရခဲ့ပါဘူး။ဒဏ်ရာသက်သာပြီးနောက်ပိုင်းလည်း အခွင့်အရေးနည်းနေခဲ့ပါတယ်။ဒါပေမဲ့ အိုက်စ်ကိုဟာ နည်းပြဇီဒန်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ဆွတ်ခူးခဲ့တဲ့ ရာဇဝင်ကောင်း ပိုင်ဆိုင်ထားတာကြောင့် နည်းပြကလည်း သူ့ကို စွန့်လွှတ်ဖို့ အသင့်မဖြစ်သေးပါဘူး။မက်ဒရစ်နဲ့အတူ အမှောင်ညတွေ ဖြတ်သန်းခဲ့ပြီး မက်ဒရစ်နဲ့အတူ တစ်ကြော့ပြန် မွေးဖွားလာခြင်းဟာ ၎င်းအနေနဲ့ တစ်ချိန်က စိုးမိုးခဲ့တဲ့ နိုင်ငံအသင်းမှာ ပြန်လည်နေရာရစေဖို့ အလားအလာရှိ‌ေစပါတယ်။