အာဆင္နယ္အသင္းအတြက္ လက္ရွိအခ်ိန္ကာလဟာ အေတာ္ေလးကို ရွုပ္ေထြးေပြလီေနတဲ့ ကာလတစ္ခုလို႔ ေျပာလို႔ရနိုင္ၿပီး နည္းျပေျပာင္းလဲမွု ၊ ကစားသမားေတြရဲ့ ေျခစြမ္းတည္ၿငိမ္မွုအားနည္းခ်က္ေတြေၾကာင့္ လိုခ်င္တဲ့ရလဒ္ေတြနဲ႔ လြဲေခ်ာ္ေနခဲ့ရၿပီး လာမယ့္ႏွစ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုရရွိဖို႔အတြက္ မေရရာ မေသခ်ာတဲ့ အေနအထားတစ္ခုကို ေရာက္ရွိေနပါတယ္။

Photo Credit: Express.com

ဒါေပမယ့္ အာဆင္နယ္အသင္းအတြက္ တည္ၿငိမ္တဲ့ေျခစြမ္းေတြကို ျပသထားနိုင္တဲ့ ကစားသမားတစ္ဦးလည္း ရွိေနပါေသးတယ္။ အဆိုပါကစားသမားကေတာ့ အသင္းရဲ့ ယာယီ အသင္းေခါင္းေဆာင္လည္းျဖစ္ ၊ အဓိကတိုက္စစ္မွူးလည္းျဖစ္တဲ့ အူဘာမီယန္းျဖစ္ၿပီး အူဘာမီယန္းဟာ အာဆင္နယ္အသင္းအတြက္ လက္ရွိ ပရီးမီးယားလိဂ္ေဘာလုံးရာသီမွာ သြင္းဂိုး ၁ဝဂိုးအထိ သြင္းယူေပးထားပါတယ္။

Photo Credit: Express.com

လက္ရွိမွာေတာ့ အသင္းတြင္းမတည္ၿငိမ္မွုေတြ ၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ မေရမရာ ျဖစ္ေနတဲ့အေနအထားေတြကို စိုးရိမ္ၾကတဲ့ ကစားသမားတခ်ိဳ႕ဟာ အာဆင္နယ္အသင္းမွာ ရွိေနၿပီး အဆိုပါကစားသမားေတြထဲမွာ အူဘာမီယန္းဟာလည္း အပါအဝင္ျဖစ္တယ္လို႔ သိရွိရပါတယ္။ ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ အူဘာမီယန္းဟာ လာမယ့္ေဘာလုံးရာသီမွာသာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရပါက အသင္းေျပာင္းေရႊ႕ဖို႔ စဥ္းစားထားေၾကာင္နဲ႔ လက္ရွိမွာေတာ့ အင္တာမီလန္အသင္းဟာ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

Photo Credit: Express.com

အင္တာမီလန္အသင္းဟာ လက္ရွိေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၃ဂိုးအထိသြင္းယူေပးထားနိုင္တဲ့ သူတို႔အသင္းရဲ့တိုက္စစ္မွူး မာတီနက္စ္ကို ဘာစီလိုနာအသင္းက စိတ္ဝင္စားလာတဲ့အေနအထားေၾကာင့္ အူဘာမီယန္းကို ေစာင့္ၾကည့္လာတာလည္း ျဖစ္ပါတယ္။ လန္ဒန္အေျခစိုက္သတင္းေတြရဲ့ ေဖာ္ျပခ်က္အရေတာ့ အာဆင္နယ္အသင္းဟာ ယူရို ၅ဝသန္း ရရွိ႐ုံနဲ႔ အူဘာမီယန္းကို လက္လႊတ္နိုင္တယ္လို႔ သိရွိရပါတယ္။

အာဆင်နယ်အသင်းအတွက် လက်ရှိအချိန်ကာလဟာ အတော်လေးကို ရှုပ်ထွေးပွေလီနေတဲ့ ကာလတစ်ခုလို့ ပြောလို့ရနိုင်ပြီး နည်းပြပြောင်းလဲမှု ၊ ကစားသမားတွေရဲ့ ခြေစွမ်းတည်ငြိမ်မှုအားနည်းချက်တွေကြောင့် လိုချင်တဲ့ရလဒ်တွေနဲ့ လွဲချော်နေခဲ့ရပြီး လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုရရှိဖို့အတွက် မရေရာ မသေချာတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပါတယ်။

Photo Credit: Express.com

ဒါပေမယ့် အာဆင်နယ်အသင်းအတွက် တည်ငြိမ်တဲ့ခြေစွမ်းတွေကို ပြသထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ရှိနေပါသေးတယ်။ အဆိုပါကစားသမားကတော့ အသင်းရဲ့ ယာယီ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိကတိုက်စစ်မှူးလည်းဖြစ်တဲ့ အူဘာမီယန်းဖြစ်ပြီး အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် လက်ရှိ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ သွင်းဂိုး ၁ဝဂိုးအထိ သွင်းယူပေးထားပါတယ်။

Photo Credit: Express.com

လက်ရှိမှာတော့ အသင်းတွင်းမတည်ငြိမ်မှုတွေ ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မရေမရာ ဖြစ်နေတဲ့အနေအထားတွေကို စိုးရိမ်ကြတဲ့ ကစားသမားတချို့ဟာ အာဆင်နယ်အသင်းမှာ ရှိနေပြီး အဆိုပါကစားသမားတွေထဲမှာ အူဘာမီယန်းဟာလည်း အပါအဝင်ဖြစ်တယ်လို့ သိရှိရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အူဘာမီယန်းဟာ လာမယ့်ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းပြောင်းရွှေ့ဖို့ စဥ်းစားထားကြောင်နဲ့ လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Express.com

အင်တာမီလန်အသင်းဟာ လက်ရှိဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၃ဂိုးအထိသွင်းယူပေးထားနိုင်တဲ့ သူတို့အသင်းရဲ့တိုက်စစ်မှူး မာတီနက်စ်ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားလာတဲ့အနေအထားကြောင့် အူဘာမီယန်းကို စောင့်ကြည့်လာတာလည်း ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းဟာ ယူရို ၅ဝသန်း ရရှိရုံနဲ့ အူဘာမီယန်းကို လက်လွှတ်နိုင်တယ်လို့ သိရှိရပါတယ်။