၂၀၁၉-၂၀၂၀ ဘောလုံးရာသီကြီးကတော့ လာမယ့်တနင်္ဂနွေနေ့ညမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဆင်နွဲပြီးလိုက်တာနဲ့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ဂယက်ကြောင့် ဘောလုံးပွဲတွေအားလုံးက ပွဲစဉ်ဇယားတွေ အကုန်လုံးရှုပ်ထွေးကုန်ပြီး ဘောလုံးရာသီတစ်ခု မပြီးဆုံးသေးခင်မှာပဲ နောက်ထပ်ဘောလုံးရာသီတစ်ခုက ပြန်လည်စတင်ဖို့ အတော်လေးကို နီးကပ်နေတာကြောင့် ဘောလုံးချစ်ဝါသနာရှင်တွေက ဘောလုံးပွဲတွေကို အဆက်မပြတ် ကြည့်ရှရတော့မှာပါ။ ဒီတစ်ပတ်ရဲ့စနေနဲ့တနင်္ဂနွေနေ့တွေမှာတော့…

Photo Credit : Lynq Sports

ဒီတစ်ပတ်မှာ လုံးဝကို အလွတ်မခံရမယ့် Biggest Match ကတော့ အထွေအထူးတောင် ပြောစရာမလိုတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပါ။ မနက်ဖြန် တနင်္ဂနွေည (၁)နာရီခွဲ (တနင်းလာမနက်အစောပိုင်း) မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ချန်ပီယံလိဂ်ဖိုင်နယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီတစ်ပတ်ရဲ့ရင်ခုန်စရာအကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။

Photo Credit : Soccer Times

ဒီတစ်ပတ် Weekend မှာ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြင်သစ်လီဂူးဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး စနေနေ့ည (၁)နာရီခွဲမှာ လိုင်လီနဲ့ရန်းစ် တနင်္ဂနွေနေ့ညနေ (၅)ခွဲမှာ မိုနာကိုနဲ့ Reims (၇)နာရီခွဲမှာ လော်ရီးယန့်နဲ့စထရာဘိုးပွဲ နီမန်နဲ့ဘရတ်စ်ပွဲတွေအပြင် ည(၉)နာရီခွဲမှာလည်း နိုက်စ်နဲ့လန်းစ်တို့ပွဲတွေကို ဆက်တိုက်ကျင်းပသွားမှာဖြစ်ပါတယ်။

Photo Credit : University College Dublin

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုကတော့ လူငယ်ပြိုင်ပွဲဖြစ်တဲ့ UEFA Youth League ပါ။ ဒီပြိုင်ပွဲက ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အေဂျက်နဲ့ဘင်ဖီကာ ဆာလ်ဇ်ဘာ့ဂ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ တွေ့ဆုံနေကြသလို အေဂျက်နဲ့ဘင်ဖီကာပွဲကို စနေနေ့ ည(၇)နာရီခွဲမှာ ယှဉ်ပြိုင်စေမှာဖြစ်သလို ရီးရဲလ်ပွဲကိုကျတော့ စနေနေ့ ည(၁၀)နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။ UEFA Youtube နဲ့ Facebook Page တွေကနေ တိုက်ရိုက်ပြသနိုင်ပါတယ်။

Photo Credit : Evening Standard

နောက်ဆုံးပြောပြသွားချင်တာကတော့ ရာသီကြိုခြေစမ်းပွဲတွေအကြောင်းပါ။

စနေ့ည(၈)နာရီခွဲ – ဆာလ်ဇ်ဘာ့ဂ် နဲ့ အေဂျက်စ်

စနေ့ည(၈)နာရီခွဲ – စပါး နဲ့ အစ်ဝစ်ချ်

စနေ့ည(၈)နာရီခွဲ – လီဗာပူးလ် နဲ့ စတုဂတ်

စနေ့ည(၈)နာရီခွဲ – ဘလက်ပူးလ် နဲ့ အဲဗာတန်

တနင်္ဂနွေည(၁၂)နာရီခွဲ – ဗီလာရီးရဲလ် နဲ့ ကာတာဟယ်နာ

(လီဗာပူးလ်နဲ့စပါးအသင်းတို့ရဲ့ပွဲစဉ်တွေကို ဒီအသင်းတွေရဲ့တရားဝင် Social Media Page တွေက ပြသဖွယ်ရှိနေပါတယ်)