ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ နာမည်ကျော် ဘောလုံးအသင်းတွေရဲ့ရာသီကြိုခြေစမ်းပွဲတွေ ပြန်လည်ကြည့်ရှခဲ့ရသလို UEFA Youth League နဲ့ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွေကိုပါ တဝကြီးကြည့်ရှခဲ့ရပါတယ်။ ဒီတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေက ဘောလုံးဝါသနာအိုးတွေအတွက် ဆက်လက်စောင့်ကြိုနေတာမို့ ဒီတစ်ပတ် Weekend မှာ ဘာပွဲတွေရှိနေလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : The FA

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ အက်အေဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ရဲ့ရာသီကြိုကွန်မြူနတီဒိုင်းပွဲလည်း ရှိနေတာပြီး လာမယ့်စနေနေ့ ည(၁၀)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Photo Credit : Squawka

ဒီတစ်ပတ်ပိတ်ရက်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်လည်း ရှိနေပါတယ်။ အမျိုးသမီးဘောလုံးသမတွေရဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး လိုင်ယွန်အမျိုးသမီးအသင်းနဲ့ ဝုလ်ဖ်အမျိုးသမီးအသင်းတို့က ထိပ်တိုက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီဖိုင်နယ်ပွဲကိုတော့ လာမယ့်တနင်္ဂနွေနေ့ည (၁၂)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Photo Credit : Soccer Times

ဒီတစ်ပတ်မှာ ပြင်သစ်လီဂူးပွဲစဉ်(၂)ကိုလည်း ဆက်လက်ယှဉ်ပြိုင်စေမှာပါ။

လိုင်ယွန် နဲ့ ဒီယွန်း (သောကြာနေ့ည ၁နာရီခွဲ)

ရန်းစ် နဲ့ မောင့်ပယ်လီယာ (စနေနေ့ည ၉နာရီခွဲ)

စထရာဘိုး နဲ့ နိုက်စ် (စနေနေ့ည ၁နာရီခွဲ)

Reims နဲ့ လိုင်လီ (တနင်္ဂနွေနေ့ညနေ ၅နာရီခွဲ)

အန်ဂါစ် နဲ့ ဘော်ဒိုး (တနင်္ဂနွေနေ့ည ရနာရီခွဲ)

မက်ဇ် နဲ့ မိုနာကို  (တနင်္ဂနွေနေ့ည ရနာရီခွဲ)

နန့်စ် နဲ့ နီးစ် (တနင်္ဂနွေနေ့ည ရနာရီခွဲ)

စိန့်အက်တီယန် နဲ့ လော်ရီယန့် (တနင်္ဂနွေနေ့ည ရနာရီခွဲ)

ဘရက်စ် နဲ့ မာဆေးလ် (တနင်္ဂနွေနေ့ည ၁နာရီခွဲ)

Photo Credit : Football.London

နောက်ဆုံးပြောပြသွားချင်တာကတော့ ရာသီကြိုခြေစမ်းပွဲတွေအကြောင်းပါ။

ဗလင်စီယာ နဲ့ ဗီလာရီးရဲလ် (သောကြာနေ့ည ၁၂နာရီခွဲ)

ဟာသာဘာလင် နဲ့ PSV (စနေနေ့ည ရနာရီခွဲ)

ဝက်စ်ဟမ်း နဲ့ ဘရန့်ဖိုဒ့် (စနေနေ့ည ရနာရီခွဲ)

စပါး နဲ့ ဘာမင်ဂမ် (စနေနေ့ည ၈နာရီခွဲ)

အေဂျက်စ် နဲ့ ဖရန့်ဖတ် (စနေနေ့ည ၁၁နာရီခွဲ)