နာမည်ကျော် အားကစား သတင်းမီဒီယာကြီး ESPN ရဲ့ ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့်လည်း ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိလာနိုင်တယ်လို့ သိရှိရပါတယ်။

What is the transfer value of Lautaro Martinez? | FootballTransfers.com

Photo Credit : Football Transfer

အသက်(၂၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ အင်တာရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်သလို ပြီးခဲ့တဲ့ရာသီ အင်တာအသင်း စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးခဲ့ချိန်တုန်းကလည်း အဓိကနေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် စီးရီးအေသွင်းဂိုး (၁၉)ဂိုးထိ သွင်းယူထားနိုင်တဲ့ မာတီနက်ဇ်ကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး လတ်တလောမှာ အာဆင်နယ်အသင်းက မာတီနက်ဇ်ကို စိတ်ဝင်အစားဆုံး ဖြစ်နေသလို လာမယ့်နွေစျေးကွက်ထဲမှာ အရခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Goal

လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ အင်တာတိုက်စစ်မှူး မာတီနက်ဇ်ကို အတော်လေး မျက်စိကျလျက် ရှိနေပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူရဲ့လက်ရှိကလပ်မှာ ပျော်ရွှင်နေသလို အင်တာကလည်း သူတို့ရဲ့ main stricker ဖြစ်သူ မာတီနက်ဇ်ကို အသင်းမှာသာ ဆက်လက်ထားရှိချင်နေပါတယ်။ ဒါပေမယ့် အင်တာအသင်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး လူကာကူနဲ့ ဟာခီမီတို့လို ထိပ်တန်းကစားသမားတွေကိုပါ ပြီးခဲ့တဲ့နွေတုန်းက ရောင်းထုတ်ခဲ့ရတဲ့အပြင် အခုလည်း ပြောင်းရွှေ့ကြေးများစွာ ရရှိနိုင်မယ့် မာတီနက်ဇ်ကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိလာနိုင်ပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရတော့ အင်တာမီလန်ဟာ မာတီနက်ဇ်ကို အနည်းဆုံး ယူရိုသန်း(၆၀)ဝန်းကျင်လောက် ရရှိမယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားနိုင်တယ်လို့ ဖော်ပြလာခဲ့တဲ့အတွက် အာဆင်နယ်အနေနဲ့ မာတီနက်ဇ်အတွက် အင်တာ အလိုရှိနေတဲ့ ငွေကြေးပမာဏမျိုးနဲ့ ကမ်းလှမ်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ အင်တာက မာတီနက်ဇ်ကို ရောင်းထုတ်ဖြစ်မယ်ဆိုရင် ဂျုဗီတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး မာတီနက်ဇ်ရဲ့ ကွက်လပ်ကို ပြန်လည်အားဖြည့်ဖွယ် ရှိနေပါတယ်။