MySport Myanmar

မန်ယူ ခေါ်ယူချင်နေတဲ့ ဒမ်းဖရိုင်းစ်ကို ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ အင်တာမီလန်

အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးပိုင်း ပြေလည်စေဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ညာနောက်ခံကစားသမား ဒန်ဆယ်ဒီဖရိုင်းစ် အပါအဝင် ဝါရင့်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အီဒင်ဂျက်ကိုနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကိုပါ ဒီနွေဈေးကွက်ထဲမှာ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေ တည်ငြိမ်နေစေဖို့အတွက် အသင်းက ကစားသမားတွေရဲ့ လုပ်ခလစာတွေကို အဆင်ပြေပြေ ပေးချေနိုင်ဖို့အတွက် ဆန်းချက်ဇ် ဂျက်ကိုတို့လို လစာမြင့်မားတဲ့ ဝါရင့်ကစားသမားတွေအပြင် ပြောင်းရွှေ့ကြေး ခပ်များများ ရရှိနိုင်မယ့် ဒမ်းဖရိုင်းစ်လို ကစားသမားမျိုးတွေကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင် ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ်ကိုတော့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်က သူရဲ့ မန်ယူနိုက်တက်အသင်းဆီကို ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : Manchester United News

တန်ဟက်ဂ်က အသင်းရဲ့ ညာခြမ်းခံစစ်မှာ ပေါ်တူဂီ right-back ကစားသမား ဒါလော့ကိုသာ သဘောကျနေတာဖြစ်ပြီး ဝမ်ဘစ်ဆာခါကိုတော့ အသင်းမှာ နေရာပေးဖို့ထက် ရှင်းထုတ်သွားဖို့သာ ဆန္ဒရှိနေသလို အဲ့ဒီနေရာမှာလည်း PSV ကစားသမားဟောင်း ဒမ်းဖရိုင်းစ်နဲ့ ပြန်လည်အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူကတော့ အသက်(၂၆)နှစ်အရွယ် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)လောက်နဲ့ ရောင်းချသွားချင်နေပေမယ့်လည်း မန်ယူနိုက်တက်ကတော့ အဲ့ဒီပမာဏလောက်နဲ့ မကမ်းလှမ်းချင်ပဲ ယူရိုသန်း(၅၀)အောက်နဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဒမ်ဖရိုင်းစ်ဟာ ယူရိုပြိုင်ပွဲအပြီး သြဂုတ်လမှာပဲ PSV အသင်းကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရို(၁၄.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ တစ်ရာသီဖြတ်သန်းခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၅)ပွဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒမ်ဖရိုင်းစ်က အင်တာအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရောင်းချရဖို့ ရှိနေပြီး ဒမ်ဖရိုင်းစ်ကိုလည်း မန်ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Exit mobile version