အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ကစားသမားဟောင်း ရိုမယ်လ်လူ လူကာကူကို အသင်းဆီ အပြီးသတ် ခေါ်ယူဖို့အတွက် လက်လျှော့လိုက်ချိန်မှာ အာဆင်နယ် တိုက်စစ် ကစားသမား ဖလော်ရန့် ဘာလိုဂန်ကိုသာ ပစ်မှတ်ထား ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

Photo Credit : Eurosport

   ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချယ်လ်ဆီးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ အသင်းဆီ ပြန်လည် ခေါ်ယူထားတဲ့ လူကာကူကို အင်တာက အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ပေမယ့်လည်း လူကာကူကတော့ အင်တာအသင်းရဲ့ တာဝန်ရှိသူတွေ နဲ့ ကလပ် အသင်းဖော်တွေရဲ့ ဆက်သွယ်မှုကို ပြန်လည် အကြောင်းကြားခြင်း မရှိတဲ့အပြင် အင်တာရဲ့ အဓိက ပြိုင်ဘက် ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့့ဖို့ပါ လုပ်ဆောင်နေခြင်းအပေါ် အင်တာဘက်က ဘယ်လိုမှ လက်မခံနိုင်တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းမှုအား အဆုံးသတ်လိုက်ပါတယ်။

Photo Credit : Transfermarket

   လက်ရှိမှာ အင်တာ ပြင်သစ် တိုက်စစ် ကစားသမား မားကပ်စ် သူရမ်ကို မိုချန် ဂလာဘတ်အသင်းကနေ ခေါ်ယူထားတယ် ဆိုပေမယ့်လည်း အင်တာက တိုက်စစ်ပိုင်းမှာ အီဒင် ဂျက်ကို ကို လက်လွတ်ထားရပြီး အခုလည်း လူကာကူကိုပါ ချယ်လ်ဆီးအသင်းဆီ ပြန်လည် ပို့ဆောင်လိုက်ရပြီဖြစ်လို့ သူရမ်တစ်ဦးတည်းနဲ့ လုံလောက်မှာ မဟုတ်ပဲ တိုက်စစ်မှူးတစ်ဦးလောက် ထပ်မံ ခေါ်ယူရဖွယ် ရှိနေပါတယ်။ ဒါကြောင့် အင်တာက လက်ရှိမှာ အာဆင်နယ်ရဲ့ အမေရိကန် တိုက်စ် ကစားသမားလေး ဘာလိုဂန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Just Arsenal

   အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ အာဆင်နယ် လူငယ် အကယ်ဒမီထွက် တိုက်စစ်မှူး ဘာလိုဂန်က မစ်ဒယ်ဘရော့ Reims အသင်းတွေမှာသာ အငှား ကစားသမားနဲ့ ကျင်လည်ထားခဲ့ရပြီး အာဆင်နယ်အတွက် စုစုပေါင်း (၁၀)ပွဲသာ ကစားထားရပါသေးတယ်။ ပြီးခဲ့တဲ့ရာသီက Reims မှာ ခြေစွမ်းပြခဲ့ပေမယ့် အာဆင်နယ်က သူ့ကို အသင်းမှာ နေရာပေးဖို့ မလွယ်သေးတာကြောင့် အပြီးသတ် ရောင်းချဖို့သာ ဆုံးဖြတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)ခန့် ရရှိမှ ရောင်းချဖွယ် ရှိနေပါတယ်။ ဘာလိုဂန်ကို အင်တာနဲ့အတူ အေစီမီလန်ကလည်း စိတ်ဝင်စားနေပါတယ်။