MySport Myanmar

နာပိုလီ ကွင်းလယ်လူ ဇီလင်စကီးကို အလွတ်နဲ့ ခေါ်ယူသွားနိုင်တော့မယ့် အင်တာ

အင်တာမီလန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း နာပိုလီအသင်းရဲ့ ပိုလန် ကွင်းလယ်ကစားသမား ဆီဘက်စတီယန် ဇီလင်စကီးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အင်တာဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ ချာဟာနိုဂလူး အိုနာနာ မစ်ခီတာရန် ဆန်းချက်ဇ် ဒီဗရစ်ချ် သူရမ်တို့လို ကစားသမားကောင်းတွေကို အလွတ် ပြောင်းရွှေ့ကြေးများနဲ့ အရ ခေါ်ယူထားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး အခုလည်း ဇီလင်စကီးလို စီးရီးအေမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားကိုလည်း အလွတ်နဲ့ ရရှိတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Bola

အသက် (၂၉)နှစ်အရွယ် ပိုလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဇီလင်စကီးဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို အီတလီ စီးရီးအေမှာ စတင် ဖြစ်ခဲ့သလို စီးရီးအေကလပ် အူဒီးနီးစ်အသင်းနဲ့ စတင်ဖြစ်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာ အူဒီးနီးစ်ကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဇီလင်စကီးဟာ နာပိုလီအတွက် ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီး အဲ့ဒီ (၇)ရာသီအတွင်းမှာလည်း ရာသီတိုင်းလိုလို ပွဲစဉ်ပေါင်း (၅၀)အထိကို ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

 

Photo Credit : Youtuge

အခုတော့ ဇီလင်စကီးက နာပိုလီအသင်းနဲ့ (၈)ရာသီ ဖြတ်သန်းပြီးချိန်မှာ နာပိုလီရဲ့ စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းဆီ free transfer နဲ့ ပြောင်းရွှေ့ရတော့မှာဖြစ်ပြီး အင်တာကလည်း စီးရီးအေမှာ ပွဲပေါင်း (၃၅၂)ပွဲအထိ ကစားဖူးတဲ့ ဇီလင်စကီးလို ကစားသမားမျိုးကို အလွတ်နဲ့ ခေါ်ယူနိုင်တာ အရမ်း အကျိုးရှိစေမှာ သေချာပါတယ်။

အင်တာမီလန်က နာပိုလီရဲ့ ပိုလန် ကွင်းလယ်လူ ဇီလင်စကီးကို အလွတ်နဲ့ ခေါ်ယူပြီး ၂၀၂၇ခုနှစ် ဇွန်လ + (၁)နှစ် ထပ်တိုးခွင့်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို (၄.၅)သန်းအထိ ပေးချေသွားဖို့လည်း ရှိနေပါတယ်။

Exit mobile version