MySport Myanmar

ချယ်လ်ဆီး ဂျင်းမိခဲ့သော တိုက်စစ်မှူးတွေကိုသာ အလိုရှိနေတဲ့ အင်တာ

   အင်တာမီလန်အသင်းကတော့ သူတို့အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပေါင် (၉၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘာမှ ဖြစ်မလာခဲ့တဲ့ လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးသလို အခုလည်း လူကာကူကို မရလို့ နောက်ထပ် ချယ်လ်ဆီးရဲ့ flop player တိုက်စစ်မှူး မိုရာတာကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Sky Sports

   အင်တာက လူကာကူကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း (၈၀)အထိ အသုံးပြုပြီး ခေါ်ယူခဲ့တယ်။ အင်တာနဲ့ နှစ်ရာသီ ဖြတ်သန်းပြီးတဲ့နောက်မှာ အင်တာကို စီးရီးအေ ချန်ပီယံ ဖြစ်စေခဲ့ပြီး သူကိုယ်တိုင်ကလည်း အဲ့ဒီ နှစ်ရာသီမှာလည်း ပြိုင်ပွဲစုံ (၆၄)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒါကြောင့်လည်း ချယ်လ်ဆီးက လူကာကူကို ပေါင် (၉၈)သန်း နီးပါးလောက် သုံးစွဲပြီး အသင်းဆီ ခေါ်ဆောင်ခဲ့ပေမယ့် လူကာကူက ချယ်လ်ဆီးမှာ အဆင်မပြေခဲ့တဲ့အပြင် အသင်းနဲ့ပါ ပြသာနာတွေ ဖြစ်ခဲ့ရင်း အင်တာဆီ အငှားနဲ့ ပြန်သွားခဲ့ရပါတယ်။

Photo Credit : The Sun

   ချယ်လ်ဆီးမှာ ရုန်းကန်ခဲ့ရတဲ့ လူကာကူက အင်တာကို ပြန်လည် ရောက်ရှိလာပေမယ့် ယခင် အင်တာမှာ ရှိခဲ့စဉ်ကလောက် ခြေစွမ်းမျိုး မပြသနိုင်တော့ပဲ ဒဏ်ရာတွေကြောင့် ပွဲကစားခွင့် နည်းပါးခဲ့ရသလို တစ်ရာသီလုံးမှာလည်း (၁၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာက လူကာကူကို ချယ်လ်ဆီးကနေ အပြီးသတ် ခေါ်ယူနိုင်ဖို့ အရ ကြိုးပမ်းခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့မှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူကာကူကတော့ အင်တာရဲ့ ဆက်သွယ်မှုတွေကို လစ်လျူရှုလာခဲ့လို့ နောက်ဆုံးမှာ အင်တာက လူကာကူကို ဆက်လက် မကြိုးပမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

Photo Credit : Football365

   ဒါပေမယ့် အင်တာအနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်နေသေးတာဖြစ်လို့ လတ်တလောမှာ အာဆင်နယ် တိုက်စစ် ကစားသမားလေး ဘာလိုဂန် နဲ့ အသက်လက်တီကို တိုက်စစ် ကစားသမား မိုရာတာတို့ကို ပစ်မှတ်ထားနေပါတယ်။ ဒီနှစ်ဦးထဲကမှ မိုရာတာဟာ လူကာကူလို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေးပေါင်း များစွာနဲ့ ရောက်ရှိခဲ့ပြီး ချယ်လ်လ်ဆီးမှာ flop ခဲ့လို့ အသက်လက်တီကိုဆီ ပို့ဆောင်ခဲ့ရပါတယ်။ အခုတော့ မိုရာတာဟာလည်း အင်တာရဲ့ ရေဒါထဲ ပါဝင်လာခဲ့ပြီဖြစ်လို့ လူကာကူက ဂျုဗင်ကိုရောက် မိုရာတာက အင်တာကိုရောက်ပြီး အပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

Exit mobile version