အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အာဖြည့်တင်းသွားဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ အနာဂတ် ပျောက်ဆုံးလျက်ရှိနေတဲ့ ဆာဘီးယား တိုက်စစ်ကစားသမားလေး လူကာယိုဗစ်ကို ပစ်မှတ်ထားလျက်ရှိနေပြီး ရီးယဲလ်အသင်းဘက်ကလည်း လာမယ့် အပြောင်းအရွှေ့စျေးကွက်အတွင်း ယိုဗစ်ကို အသင်းကနေ ရှင်းထုတ်ဖွယ်ရှိနေတဲ့အတွက် အင်တာအသင်းအနေနဲ့ ယိုဗစ်ကို အာဆင်နယ်အသင်းနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Photo Credit : Managing Madrid

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဖရန့်ဖတ် တိုက်စစ်မှူးဟောင်း လူကာယိုဗစ်ဟာ ဖရန့်ဖတ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ အတော်လေး တောက်ပလွန်းခဲ့ရာကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ရီးယဲလ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် အသင်းဟောင်း ဖရန့်ဖတ်ဆီ အငှားနဲ့ပါ ပြန်ကစားခဲ့ရပါသေးတယ်။ ဆာဘီးယား တိုက်စစ်ကစားသမားလေး ယိုဗစ်ဟာ ဒီရာသီမှာလည်း အသင်းအတွက် စုစုပေါင်းမိနစ်(၈၄)မိနစ်သာ ပါဝင်ကစားထားရသေးတာကြောင့် ကစားသမားကိုယ်တိုင်က အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆန္ဒရှိနေသလို အသင်းဘက်ကလည်း လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ ယိုဗစ်ကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

Photo Credit : The Indian Express

အနာဂတ် အခြေအနေ လှုပ်ခတ်လျက်ရှိနေတဲ့ ယိုဗစ်ကို လက်ရှိမှာ အာဆင်နယ်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် လာကာဇက်ရဲ့နေရာမှာ ယိုဗစ်နဲ့ အစားထိုးသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယိုဗစ်ကို အာဆင်နယ်အသင်းနဲ့အပြိုင် အင်တာမီလန်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး စီးရီးအေ ကလပ်အသင်းတချို့က ယိုဗစ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းချင်နေကြပါတယ်။ ဒါပေမယ့် ယိုယွင်းနေတဲ့ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ရီးယဲလ်အသင်းက ယိုဗစ်ကို အပြီးသတ်သာ ရောင်းထုတ်သွားချင်နေပြီး ယိုဗစ်ကို ရောင်းချလို့ရတဲ့ ငွေကြေးနဲ့ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ ရှိနေတာကြောင့် ဒါက ယိုဗစ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် အခက်အခဲတစ်ခုသဖွယ် ဖြစ်လာနိုင်ပါတယ်။ ယိုဗစ်ဟာ လက်ရှိအချိန်ထိ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲသာ ပါဝင်ထားခဲ့ရပြီး သွင်းဂိုးမှာလည်း (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။