စီးရီးအေ ထိပ်သီးကလပ်ကြီး အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးပြသာနာ အခြေအနေတွေကြောင့် အသင်းက ထိပ်တန်းကစားသမားတချို့ကို ရောင်းထုတ်သွားရဖွယ် ရှိနေပြီး ဒီကစားသမားတွေထဲမှာ နယ်သာလန် ညာနောက်ခံကစားသမား ဒန်ဇယ်ဒီဖရိုင်းစ်လည်း ပါဝင်နေရတဲ့အပြင် ဒမ်ဖရိုင်းစ်ကိုယ်တိုင်ကလည်း နည်းပြအဲရစ်တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာနိုင်တယ်လို့ သိရပါတယ်။

Erik Ten Hag Target Inter's Denzel Dumfries - Sports Illustrated Manchester  United News, Analysis and More

Photo Credit : Sports Illustrated

အသက်(၂၆)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံအစွန်လူ ဒမ်ဖရိုင်းစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် တောက်ပနိုင်ခဲ့သူဖြစ်ပြီး အဲ့ဒီပြိုင်ပွဲကြီးအပြီးမှာပဲ ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရသလို နောက်ဆုံးမှာတော့ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၁၂.၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ အင်တာမီလန်နဲ့ တစ်ရာသီသာ ဖြတ်သန်းထားခဲ့ရသေးတဲ့ ဒမ်ဖရိုင်းစ်ဟာ အခုဆိုရင် အသင်းရဲ့ ငွေကြေးပိုင်း အခြေအနေ မဟန်မှုတွေကြောင့် အသင်းနဲ့ပါ ပြန်လည်လက်တွဲဖြုတ်ရနိုင်တဲ့ အခြေအနေထိပါ ရောက်ရှိရနိုင်တယ်လို့ သိရပါတယ်။

Manchester United and Bayern Munich are both interested in Dutch full-back Denzel Dumfries

Photo Credit : Daily Mail

အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် အသင်းရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် အပါအဝင် နောက်ခံလူတွေဖြစ်တဲ့ ရှကရီညာ ဘက်စတိုနီ ဒမ်ဖရိုင်းစ်တို့အားလုံးကို အသင်းကနေ ရောင်းထုတ်ရနိုင်ပြီး ဒီကစားသမားတွေအားလုံးကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူချင်နေကြပါတယ်။ ဒီကစားသမားတွေထဲကမှ နယ်သာလန် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကိုတော့ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး အင်္ဂလန် ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါကို အသင်းကနေ ရောင်းချတော့မှာဖြစ်လို့ ဘစ်ဆာခါရဲ့နေရာမှာ ဒမ်ဖရိုင်းစ်နဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဒမ်ဖရိုင်းစ်ကိုယ်တိုင်ကလည်း နယ်သာလန်လူမျိုး တန်ဟက်ဂ်ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ချင်နေပေမယ့် ဒမ်ဖရိုင်းစ်နဲ့ အင်တာမီလန်အသင်းကြားမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အင်တာဘက်က တောင်းဆိုလာတဲ့အတိုင်း ကမ်းလှမ်းသွားရနိုင်ဖွယ် ရှိနေပါတယ်။