စီးရီးေအၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္အသင္းရဲ့ ႀကီးစိုးေနမွုကို ရပ္တန႔္ပစ္ဖို႔အတြက္ လက္ရွိ ေဘာလုံးရာသီမွာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ႀကိဳးစားေနတဲ့ အင္တာမီလန္အသင္းဟာ ဂ်ဴဗင္တပ္အသင္းရဲ့ ပစ္မွတ္ကစားသမားတစ္ဦးကိုလည္း ေခၚယူဖို႔အတြက္ စတင္လုပ္ေဆာင္ေနပါတယ္။ အဆိုပါကစားသမားကေတာ့ ယူနိုက္တက္အသင္းကေန ထြက္ခြာဖို႔ ေရပန္းစားေနတဲ့ ကြင္းလယ္လူ ေပါလ္ေပါ့ဘာပဲ ျဖစ္ပါတယ္။

Photo Credit: Daily Express.com

ကမၻာ့အေကာင္းဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေပါလ္ေပါ့ဘာဟာ လက္ရွိေဘာလုံးရာသီမွာ ပေဟဠိဆန္ဆန္ ဒဏ္ရာျပႆနာေတြနဲ႔အတူ ယူနိုက္တက္အသင္းရဲ့ပြဲစဥ္ေတြကို ရွစ္ပြဲသာ ပါဝင္ကစားေပးထားနိုင္သူပါ။ လက္ရွိမွာေတာ့ ေပါ့ဘာဟာ ဘယ္ဘက္ေျခက်င္းဝတ္ဒဏ္ရာကို ခြဲစိတ္ကုသဖို႔အတြက္ ဆိုၿပီး အနားယူေနသူလည္း ျဖစ္ပါတယ္။

Photo Credit: Daily Express.com

ေနာ္ေဝတိုက္စစ္မွူးေလး ဟာလန္းရဲ့ အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္ၿပီး ေပါ့ဘာရဲ့ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာနဲ႔ ယူနိုက္တက္အသင္းတို႔ရဲ့ၾကားမွာ သေဘာထားတင္းမာမွုေတြ ျဖစ္ေပၚလ်က္ရွိေနကာ ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ အဆိုပါအခ်က္ဟာ ေပါ့ဘာကို ယူနိုက္တက္အသင္းကေန ထြက္ခြာဖို႔အတြက္ တြန္းအားျဖစ္လာနိုင္တယ္လို႔ ဆိုထားပါတယ္။ အီတလီသတင္းစာေတြရဲ့ အဆိုအရေတာ့ ေပါ့ဘာရဲ့ ဆရာေဟာင္းျဖစ္သူ ကြန္တီဟာ သူ႔ရဲ့ တပည့္ကို အင္တာမီလန္အသင္းထံ ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

Photo Credit: Daily Express.com

ဂ်ဴဗင္တပ္အသင္းရဲ့ နည္းျပေဟာင္း ကြန္တီဟာ ေပါ့ဘာကို ယူနိုက္တက္အကယ္ဒမီကေန ေခၚယူကာ အေရာင္တင္ေပးခဲ့သူျဖစ္ၿပီး သူဟာ ေပါ့ဘာနဲ႔ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူပါ​။ ဒါ့အျပင္ အင္တာမီလန္အသင္းမွာ ေပါ့ဘာရဲ့အခ်စ္ဆုံး သူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ လူကာကူရွိေနတာကလည္း ေပါ့ဘာအေနနဲ႔ အင္တာမီလန္အသင္းထံကို ေရာက္ရွိဖို႔အတြက္ လမ္းစတစ္ခုလည္း ျဖစ္ပါတယ္​။ အင္တာမီလန္အသင္းက ေပါ့ဘာအတြက္ စတင္ကမ္းလွမ္းမယ့္ ပမာဏကေတာ့ ေပါင္၇၇သန္း ဝန္းက်င္ပဲ ျဖစ္ပါတယ္။

စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်အသင်းရဲ့ ကြီးစိုးနေမှုကို ရပ်တန့်ပစ်ဖို့အတွက် လက်ရှိ ဘောလုံးရာသီမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြိုးစားနေတဲ့ အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့အတွက် စတင်လုပ်ဆောင်နေပါတယ်။ အဆိုပါကစားသမားကတော့ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရေပန်းစားနေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Express.com

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါလ်ပေါ့ဘာဟာ လက်ရှိဘောလုံးရာသီမှာ ပဟေဠိဆန်ဆန် ဒဏ်ရာပြဿနာတွေနဲ့အတူ ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေကို ရှစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်သူပါ။ လက်ရှိမှာတော့ ပေါ့ဘာဟာ ဘယ်ဘက်ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသဖို့အတွက် ဆိုပြီး အနားယူနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express.com

နော်ဝေတိုက်စစ်မှူးလေး ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်လျက်ရှိနေကာ ဘောလုံးကျွမ်းကျင်သူတွေကတော့ အဆိုပါအချက်ဟာ ပေါ့ဘာကို ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် တွန်းအားဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ ပေါ့ဘာရဲ့ ဆရာဟောင်းဖြစ်သူ ကွန်တီဟာ သူ့ရဲ့ တပည့်ကို အင်တာမီလန်အသင်းထံ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo Credit: Daily Express.com

ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်း ကွန်တီဟာ ပေါ့ဘာကို ယူနိုက်တက်အကယ်ဒမီကနေ ခေါ်ယူကာ အရောင်တင်ပေးခဲ့သူဖြစ်ပြီး သူဟာ ပေါ့ဘာနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူပါ​။ ဒါ့အပြင် အင်တာမီလန်အသင်းမှာ ပေါ့ဘာရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ လူကာကူရှိနေတာကလည်း ပေါ့ဘာအနေနဲ့ အင်တာမီလန်အသင်းထံကို ရောက်ရှိဖို့အတွက် လမ်းစတစ်ခုလည်း ဖြစ်ပါတယ်​။ အင်တာမီလန်အသင်းက ပေါ့ဘာအတွက် စတင်ကမ်းလှမ်းမယ့် ပမာဏကတော့ ပေါင်၇၇သန်း ဝန်းကျင်ပဲ ဖြစ်ပါတယ်။