MySport Myanmar

ဇီလင်းစကီး နဲ့ တာရေမီတို့ကို အလွတ်နဲ့ ခေါ်ယူဖို့ here we go သွားခဲ့တဲ့ အင်တာမီလန်

အလွတ် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားကောင်းတွေကို ခေါ်ယူတက်လေ့ရှိတဲ့ အင်တာမီလန်အသင်းက လာမယ့်နွေမှာ ကစားသမားသစ်နှစ်ဦးကို free transfer နဲ့ ခေါ်ယူသွားဖို့အတွက် here we go သွားခဲ့ရပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အခုဆိုရင် အင်တာက နာပိုလီအသင်းရဲ့ ပိုလန် ကွင်းလယ်ကစားသမား ဆီဘက်စတီယန် ဇီလင်းစကီး နဲ့ ပေါ်တိုအသင်းရဲ့ အီရန် တိုက်စစ်မှူး မာဒီ တာရေမီတို့ နှစ်ဦးလုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : TSN

အင်တာက ဒီရာသီထဲမှာလည်း တိုက်စစ်မှူးများဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ် ၊ မားကပ်စ် သူရမ်တို့အပြင် ဝါရင့် တောင်ပံကစားသမားကြီး ဟွမ် ကွာဒရာဒို ၊ ကွင်းလယ်လူ ဒါဗေး ကာလာဆန်တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတို့နဲ့ ခေါ်ယူထားခဲ့ပါတယ်။

ဒီကစားသမားတွေထဲကမှ မိုချန်ဂလာဘတ်ကနေ ရောက်ရှိလာတဲ့ ပြင်သစ် တိုက်စစ်မှူး သူရမ်က အင်တာမှာ ခြေစွမ်းအပြဆုံး ဖြစ်နေပြီး အသင်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ လူကာကူနေရာမှာပါ တိုက်ရိုက် အစားဝင်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit : Virgilio Sport

ဒီလို အသင်းအတွက် အကျိုးပြုတဲ့ အလွတ် ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့တဲ့ အင်တာဟာ အခုဆိုရင်လည်း နွေဈေးကွက် မဖွင့်လှစ်သေးခင်မှာပဲ တကယ့် အရည်အသွေးမြင့် ကစားသမား (၂)ဦးကို free transfer နဲ့ ခေါ်ဆောင်ဖို့ သဘောတူညီမှု အသီးသီး ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အင်တာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ကစားသမား(၂)ဦးထဲကမှ ကွင်းလယ်လူ ဇီလင်းစကီးဆိုရင် အီတလီ စီးရီးအေမှာ (၇)ရာသီအထိ ဖြတ်သန်းထားသူဖြစ်လို့ အင်တာအတွက် သေချာပေါက် အကျိုးရှိနိုင်သလို တာရေမီကလည်း အာရှသား ဖြစ်ပေမယ့် ဥရောပ ဘောလုံးနယ်ပယ်မှာ အချိန်တစ်ခုအထိ ကျင်လည်ထားခဲ့သူဖြစ်လို့ အင်တာတိုက်စစ်မှာ အားထားလာရနိုင်ပါတယ်။

Exit mobile version