ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား မေဆန်မောင့်ကို အင်တာမီလန်ကအသင်းက ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အဲဒီမှာ အချက်အလက် အနည်းငယ် ပါဝင်နေပါတယ်။

InterLive ရဲ့ အဆိုအရ အင်တာမီလန်ဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရန်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက် အသက်(၂၆)နှစ်အရွယ် ကစားသမား မေဆန်မောင့်ကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် ယူနိုင်တက်ကတော့ သူတို့ ကစားသမားရဲ့တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲရဲ့ အစိတ်အပိုင်း အတော်များများကို အင်တာဘက်က ပေးချေမယ်ဆိုမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

မောင့်ဟာ ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးကနေ မန်ယူကို ပေါင်(၅၅)သန်း ရောက်ရှိလာခဲ့ပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၃)ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာတွေကြောင့် အချိန်အတော်ကြာ ကစားပွဲတွေနဲ့ ဝေးကွာခဲ့ပါတယ်။ မောင့်က လက်ရှိမှာလည်း ခြေထောက်ဒဏ်ရာနဲ့ အနားယူနေရသလို အသင်းဘက်ကလည်း မောင့်ကို စွန့်လွှတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ပိုမိုထွက်ပေါ်လာနေပါတယ်။

မောင့်ဟာ ယူနိုက်တက်ဆီမှာ ရှိခဲ့တဲ့ လ(၂၀)အတွင်း ခြေသလုံးနဲ့ ပေါင်ဒဏ်ရာ အမျိုးမျိုး ရရှိခဲ့ပါတယ်။ သူဟာ ယူနိုက်တက်အတွက်ကိုလည်း ဂိုး(၁)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ (၁)ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မောင့်အနေနဲ့ လာမယ့် မတ်လမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ရပေမယ့် ရာသီကုန်အထိ အသင်းအတွက် ဘယ်နှပွဲလောက် ပါဝင်ကစားနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

မောင့်ရဲ့ အခြေအနေဟာ သူ့အတွက်ရော ယူနိုက်တက်အတွက်ပါ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သူဟာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် အခုအချိန်ထိ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်သေးပါဘူး။ မောင့်က ဒဏ်ရာတွေနဲ့သာ လုံးပန်းနေရပြီး ဒါက သူ့ရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန်က မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာက မောင့်အတွက် အခွင့်အရေးသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်ကက်ကတော့ မောင့်ရဲ့ လုပ်ခကို အများအပြား ပေးချေဖို့ လိုအပ်တယ်ဆိုတဲ့ အချက်က ဒီအပြောင်းအရွှေ့ကို ခက်ခဲစေပါတယ်။ မောင့်ရဲ့ အနာဂတ်က မသေချာသေးဘဲ ဘောလုံးပရိသတ်တွေက မောင့်ရဲ့ နောက်ထပ်ခြေလှမ်းကို စောင့်ကြည့်နေကြပါတယ်။