အင်တာမီလန်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်း အသင်းကနေ လက်လွတ်ရဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား လိုသာရိုမာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေလို့နေပြီး လတ်တလောမှာတော့ မန်စီးတီးတိုက်စစ်မှူးကြီး ဆာဂျီယိုအဂူရိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကာ ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးများစွာကို မသုံးစွဲချင်တာကြောင့် မန်စီးတီးဘက်ကနေ အလိုရှိနေတဲ့ သူတို့အသင်းရဲ့ နောက်ခံကစားသမား ရှကရီညာနဲ့ လဲလှယ်သွားမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာဖွယ်ရှိနေတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အင်တာနည်းပြကွန်တီက သူတို့အသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့် မာတီနက်ဇ်ကို အသင်းကနေ လက်လွတ်မသွားချင်ပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က မက်ဆီနဲ့ တွဲဖက်ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် အသင်းကနေ ရောင်းထုတ်ရဖွယ်ရှိနေပြီး သူရဲ့နေရာအတွက်ကိုလည်း အူဘာမီယန်း ကာဗာနီတို့ကို ပစ်မှတ်ထားခဲ့တဲ့အပြင် လက်ရှိမှာတော့ မာတီနက်ဇ်ရဲ့စီနီယာကစားသမားကြီးဖြစ်တဲ့ အဂူရိုကိုပဲ စိတ်ဝင်စားလာခဲ့ကာ ခေါ်ယူနိုင်ဖို့အတွက်ကိုလည်း မန်စီးတီးဘက်က လက်ခံလာချင်လောက်မယ့် ပုံစံနဲ့ ကမ်းလှမ်းလာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

အင်တာဘက်ကနေ အဂူရိုနဲ့ လဲလှယ်သွားချင်နေတဲ့ ကစားသမားဖြစ်တဲ့ နောက်ခံလူရှကရီညာဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာ သဘောကျရတဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီးတော့ ကာလရှည်ပစ်မှတ်ထားခဲ့ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ရှကရီညာရဲ့ အင်တာမီလန်အသင်းရဲ့ အဓိက ခံစစ်သမားတစ်ဦးဖြစ်ပေမယ့်လည်း လက်ရှိမှာ နည်းပြကွန်တီနဲ့ ရှကရီညာတို့ကြား ဆက်ဆံရေးမပြေလည်ပဲရှိနေသလို ဆာဆူအိုလိုနဲ့ပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် ကွန်တီက စိတ်ပျက်လျက်ရှိနေပါတယ်။ ဒါကြောင့်မို့ ကွန်တီက လာမယ့်နွေမှာ ရှကရီညာကို အသင်းကနေ ရောင်းထုတ်ချင်နေပြီး သူ့ကိုလည်း မန်စီးတီးအပါအဝင် ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့ပစ်မှတ်ထားလို့နေပြီး အင်တာကတော့ ကစားသမားကို ရောင်းချဖို့ထက် သူတို့အလိုရှိနေတဲ့ တိုက်စစ်မှူးအဂူရိုကို ခေါ်ယူရာမှာသာ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ်သာ အသုံးချသွားဖွယ်သာ ရှိနေပါတယ်။