အင်တာမီလန်အသင်းရဲ့ နည်းပြ ဆီမြွန်အင်ဇာဂီက သူရဲ့ကလပ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ဆီ ပို့ဆောင်နိုင်ခဲ့ခြင်းအပေါ် အရမ်း ဝမ်းမြောက်မိကြောင်းနဲ့ အင်တာကလည်း ဆီမီးဖိုင်နယ်ထိ တတ်လှမ်းဖို့ ထိုက်တန်မှု ရှိခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

အင်တာမီလန်ဟာ ဒီနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ဘာစီလိုနာ ပါလ်ဇန်အသင်းတွေနဲ့ တစ်အုပ်စုတည်း အတူကျရောက်ရင်း အုပ်စုဒုတိယနေရာနဲ့ (၁၆)သင်း ရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့ပြီး (၁၆)သင်းအဆင့်မှာ ပေါ်တို ကွာတားမှာ ဘင်ဖီကာ အစရှိတဲ့ ပေါ်တူဂီ ကလပ်အသင်းတွေနဲ့ တွေ့ဆုံခဲ့ကာ ပေါ်တိုကို နှစ်ကျော့ပေါင်းရလဒ် (1-0) ဘင်ဖီကာကို (5-3)နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အင်တာက သူရဲ့ မီလန်မြို့ခံအသင်း အေစီမီလန်နဲ့ ဆီမီးဖိုင်နယ်မှာ မီလန်ဒါဘီအဖြစ် ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

“ကျွန်တော်တို့ အရမ်း ပျော်ရွှင်မိတယ်။ အင်တာမီလန် အသင်းတစ်ခုလုံးအတွက် အရေးကြီးတဲ့ ညနေခင်း ဖြစ်ခဲ့တယ်။ ရာသီတစ်လျှောက်လုံး (၂)ပွဲသာ ရှုံးထားတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်ကျော့လုံးစလုံးအတွက် ကျွန်တော်တို့ ထိုက်တန်မှု ရှိခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်သွားခဲ့ပြီ။ ဒါက အိမ်မက်တစ်ခုလိုပဲ။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့တွေ အကောင်းဆုံး ပေးဆပ်ခဲ့တယ်။ ကျွန်တော်တို့ အလွန်ကို ခက်ခဲတဲ့ အုပ်စုတစ်ခုကနေ ကျော်ဖြတ်လာခဲ့ရတယ်။ အဲ့ဒီလို ဖြစ်လာဖို့ ကျွန်တော်တို့ တစ်စုတစ်စည်းတည်း ရှိခဲ့ရတယ်။ ကျွန်တော်တို့ မနေ့ညကပွဲကို အတွေ့အကြုံတွေနဲ့ ကစားသွားခဲ့တယ်။ ဒီလို ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိသွားခဲ့တဲ့အပေါ် အရမ်း ဝမ်းမြောက်မိပါတယ်” လို့ အင်တာနည်းပြ အင်ဇာဂီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

တစ်ဖက် မီလန်ကတော့ ကွာတားမှာ စီးရီးအေကလပ် နာပိုလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် (2-1) နဲ့ ကျော်ဖြတ်ထားခဲ့ပြီး ဆီမီးမှာ မီလန်ဒါဘီကို ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ ခုလို အဆင့်မျိုးထိ မတတ်လှမ်းနိုင်တာ နှစ်တွေ အလွန်ကို ကြာမြင့်နေပြီဖြစ်ပြီး ဒီမီလန်ဒါဘီကနေ ဘယ်အသင်းက ဖိုင်နယ်အထိ ဆက်လက် တတ်လှမ်းသွားမလဲဆိုတာ အလွန် စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။