နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်တိုက်မှာ ရလဒ်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အင်တာမီလန်အသင်းကတော့ ဒီနေ့ညမှာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးက SPAL အသင်းနဲ့ အဝေးကွင်းမှာ တွေ့ဆုံခဲ့ရပြီး ဒုတိယပိုင်းအတွင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

လူကာကူမပါဝင်နိုင်သေးတဲ့ အင်တာမီလန်အသင်းရဲ့တိုက်စစ်မှာ မာတီနက်ဇ်နဲ့အတူ ဆန်းချက်ဇ်တို့ တွဲဖက်ပွဲထွက်လာခဲ့ပြီး အဲရစ်ဆင် ဘီရာဂီ ဂတ်လီယာဒီနီ ဘရိုဇိုဗစ် ကန်ဒရီဗာ ရာနော့ချီယာ ဘာစတိုနီ ရှကရီညာ ဟန်ဒါနိုဗစ်တို့နဲ့အတူ ၃-၄-၁-၂ ကစားကွက်ကို သုံးစွဲလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာပဲ အင်တာဘက်ကနေ ဖိအားပေးမှုတွေကို များစွာလုပ်ဆောင်ခဲ့သလို အိမ်ရှင် SPAL ကလည်း ရသလောက် အားလေးနဲ့ အင်တာမီလန်ကို တုန့်ပြန်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၇)မိနစ်မှာတော့ ဆန်းချက်ဇ်ရဲ့ပေးပို့မှုကနေတစ်ဆင့် တောင်ပံကစားသမား ဘရိုဇိုဗစ်က အင်တာအတွက် အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပွဲကစားချိန်မှာတော့ အင်တာရဲ့တိုက်စစ်ကစားပုံက ပိုမိုထက်မြက်လာခဲ့ပြီး (၅)မိနစ်အတွင်းမှာ သွင်းဂိုး(၂)ဂိုးကို ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ (၅၅)မိနစ်မှာ ဘီရာဂီက ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး မိနစ်(၆၀)မှာလည်း ဆန်းချက်ဇ်က အင်တာအတွက် တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ (၇၄)မိနစ်မှာလည်း ယန်းရဲ့ပေးပို့မှုကနေ ဂတ်လီယာဒီနီက ပွဲသိမ်းအပိတ်ဂိုးကို သွင်းယူခဲ့ပြီး ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက ဂျုဗင်တပ်စ်နဲ့ (၆)မှတ်ပဲ ကွာဟသွားပါတော့တယ်။