အင်တာမီလန်အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူဟာ လက်ရှိအချိန်မှာ ပေါင်ဒဏ်ရာ ရရှိနေတာကြောင့် မနက်ဖြန်ညမှာ အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မီလန်ဒါဘီ စီးရီးအေပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ အင်တာမီလန်အသင်းဘက်က အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Romelu Lukaku is reportedly set to miss Inter Milan's crucial derby against AC Milan

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ အင်တာမီလန်အသင်းဆီ တစ်ရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ စီးရီးအေ(၃)ပွဲ ပါဝင်ထားခဲ့သလို သွင်းဂိုး(၁)ဂိုးပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူကာကူက ပေါင်ဒဏ်ရာ ခံစားနေရတာကြောင့် ခရီမိုနီဆီအသင်းနဲ ရင်ဆိုင်ခဲ့ရတဲ့ စီးရီးအေ ပွဲစဥ်(၄)ကို လွဲချော်ထားခဲ့ရသလို အင်တာအတွက် အရေးကြီးတဲ့ ပွဲစဥ်ဖြစ်တဲ့ မီလန်ဒါဘီပွဲကိုပါ ထပ်မံ လွဲချော်သွားရတော့မယ်လို့ အသင်းဘက်က တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

Lukaku has scored four goals in as many Serie A matches against Inter's city rivals

Photo Credit : Daily Mail

အင်တာအသင်းဟာ မနက်​ဖြန်ညမှာ သူတို့ရဲ့ ခါးသီးမြို့ခံကလပ် အေစီမီလန်နဲ့ မီလန်ဒါဘီပွဲစဥ်ကို ယှဥ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို အင်တာရဲ့ အဓိက ကစားသမား လူကာကူက သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူက မီလန်ဒါဘီပွဲသာမကပဲ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက် ယှဥ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဥ်အပြင် စက်တင်ဘာလ တစ်လလုံးနီးပါး ပွဲစဥ်တွေကို လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။ လူကာကူ မပါဝင်နိုင်တဲ့အချိန်မှာ အင်တာက တိုက်စစ်မှာ လော်တာရိုမာတီနက်ဇ် ကော်ရီယာနဲ့ အီဒင်ဂျက်ကိုတို့ကိုသာ အသုံးပြုနေရပြီး မာတီနက်ဇ်က စီးရီးအေ သွင်းဂိုး (၃)ဂိုး သွင်းယူထားသလို ကော်ရီယာက စီးရီးအေ (၂)ဂိုး သွင်းယူနိုင်တာကြောင့် လူကာကူ မပါနိုင်ပေမယ့်လည်း အင်တာတိုက်စစ်က သိပ်အားနည်းဖွယ် မရှိနိိုင်ပါဘူး။ ဒါပေမယ့် လူကာကူရဲ့ ပေါင်ဒဏ်ရာ ပြန်လည် သက်သာလာမယ့်အချိန်မှာပဲ သူရဲ့ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းက UEFA Nations League ပွဲစဉ်တွေအဖြစ် ဝေးလ်စ် နယ်သာလန်အသင်းတို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ဒီပွဲတွေကိုပါ လူကာကူ ပါဝင်နိုင်မလားဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။