လီယွန်နယ် မက်ဆီ ၊ လူးဝစ် ဆွာရက်ဇ်နဲ့ နည်းပြ ဂျာဗီးယား မာရှေယာနိုအသင်းတို့ရဲ့ အင်တာ မိုင်ယာမီအသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းကို ခေါ်ယူသွားဖို့အတွက် အဓိက ပစ်မှတ်အဖြစ်ပါ သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။
အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဒီဘရိုင်းဟာ တကယ့်ကို ပြောင်မြောက်လှတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ fitness ပိုင်း အားနည်းလာတဲ့ အခြေအနေမျိုး ဖြစ်နေတာတောင်မှ မန်စီးတီးအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ဆဲ ရှိနေပါတယ်။
Photo Credit : Sky Sports
လက်ရှိမှာတော့ ဒီဘရိုင်းက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး စီးတီးဘက်က ဒီဘရိုင်းကို သက်တမ်းတိုးဖို့အတွက် ဒီဘရ်ိုင်းနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေကိုသာ လိုက်လံ ရှာဖွေလို့နေပြီး ဒီဘရိုင်းကိုတော့ အသင်းကနေ လက်လွတ်သွားဖို့ ရှိနေပါတယ်။
ဒီလို အသင်းလက်မဲ့ အခြေအနေ ဖြစ်တော့မယ့် ဒီဘရိုင်းကို ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အယ်လ်ဟီလာ အယ်လ်နာဆာ အယ်လ်အစ်တီဟတ်တို့က ခေါ်ယူသွားချင်နေကြပြီး အခုဆိုရင်လည်း မေဂျာလိဂ် နာမည်ကျော်ကလပ် အင်တာ မိုင်ယာမီကပါ ဒီဘရိုင်းကို ပစ်မှတ်ထားလာခဲ့ပါတယ်။
Photo Credit : ESPN
ဒေးဗစ် ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ မက်ဆီ ဆွာရက်ဇ် ဘူးစကွက်စ် အယ်လ်ဘာတို့ကို ခေါ်ယူထားသလို နောက်ထပ် ထိပ်တန်း ကစားသမားတွေကိုပါ ဆက်လက် ခေါ်ယူသွားချင်နေပြီး ဒီဘရိုင်းလို big game player တစ်ဦးကိုလည်း အသင်းဆီ အရ ခေါ်ယူသွားချင်နေပါတယ်။
မက်ဆီတုန်းက ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်တို့ အပြိုင်လုစဉ်တုန်းက မေဂျာလိဂ်ကလပ် မိုင်ယာမီဟာ မက်ဆီကို အရ ခေါ်ယူနိုင်ခဲ့သလို အခုလည်း ဒီဘရိုင်းကိုပါ ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်က မိုင်ယာမီတို့ အပြိုင်ကမ်းလှမ်းကြမယ့် ကိစ္စရပ်မှာလည်း ဘယ်ဖက်က အသာရသွားမလဲဆ်ုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။