MySport Myanmar

ရာမို့စ်ကိုပါ ပစ်မှတ်ထားလာခဲ့ပြန်တဲ့ အင်တာ မိုင်ယာမီအသင်း

လီယွန်နယ်မက်ဆီ ဘူးစကွက်တို့လို ဒိတ်ဒိတ်ကြဲ ဘောလုံးသမားကြီးတွေကို ခေါ်ယူထားပြီး ဘာစီလိုနာ အာဂျင်တီးနားတို့ရဲ့ နည်းပြဟောင်း မာတီနိုကိုပါ ခန့်အပ်ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကတော့ လက်ရှိမှာ စပိန် ဝါရင့် နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Goal

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ legend ကြီး ရာမို့စ်က ရီးယဲလ်မှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ရင်း စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီဆီ ရောက်ရှိခဲ့ပြီး ပီအက်စ်ဂျီနဲ့လည်း (၂)နှစ် ဖြတ်သန်းပြီးချိန်မှာတော့ free agent player ပြန် ဖြစ်သွားခဲ့ရပါတယ်။ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ရာမို့စ်က သူ့အသင်းဟောင်း ဆီဗီလာအသင်းဆီ ပြန်သွားဖို့ လုပ်ဆောင်ထားပေမယ့် မိုင်ယာမီအသင်းက ရာမို့စ်ကို မေဂျာလိဂ်ဆီ ခေါ်ဆောင်ဖို့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Mirror

တကယ်လို့ သတင်းထွက်ပေါ်နေသလို ဆွေးနွေးမှုသာ အဆင်ပြေခဲ့မယ်ဆိုရင်တော့ ရာမို့စ်က သူရဲ့ ပီအက်စ်ဂျီ အသင်းဖော်ဟောင်း မက်ဆီနဲ့ ပြန်လည် ဆုံစည်းရဦးမှာ ဖြစ်သလို လက်ရွေးစင် အသင်းဖော် ဘူးစကွက်နဲ့ပါ အသင်းဖော်တွေ ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် မိုင်ယာမီက ရာမို့စ်အပြင် နောက်ထပ် လာလီဂါ ကစားသမားဟောင်းကြီးဖြစ်သူ ဘာစီလိုနာ legend ယော်ဒီအယ်လ်ဘာကိုပါ တစ်ပါတည်း ခေါ်ဆောင်ဖို့လည်း ကြိုးပမ်းလို့နေပါတယ်။

Photo Credit : The Mirror

လက်ရှိမှာတော့ မိုင်ယာမီအသင်းက တကယ့်ကို mega signing ကြီးတွေနဲ့ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ထားပြီး မေဂျာလိဂ်မှာ လူကြိုက်များ လူစိတ်ဝင်စားမှု အမြောက်အများ ရရှိမယ့် ဘောလုံးအသင်းတစ်သင်းဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဆက်လက်ပြီးတော့ မက်ဆီ ဘူးစကွက်တို့အပြင် နောက်ထပ် ဘယ်ကစားသမားကြီးတွေ မိုင်ယာမီ ကမ်းခြေဆီ ရောက်လာဦးမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Exit mobile version