အင်တာမီလန်အသင်းရဲ့ ဥက္ကဌဟောင်း ဖြစ်သူ မိုရက်တီက နည်းပြ ကွန်တီရဲ့ အင်တာအသင်းအနေနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကြွယ်ဝမှု နဲ့ အရည်အချင်း ရှိပါတယ်လို့ ပြောခဲ့ပြီး တိုက်စစ်မှူး လူကာကူကိုလည်း ချန်ပီယံ တစ်ဦး ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ဘာစီလိုနာအသင်းမှာ အဆင်မပြေမှုတွေ ရှိခဲ့ပြီးနောက် အသင်း ပြောင်းနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးတာ ဖြစ်ပြီး မန်စီးတီးအသင်း၊ ဂျုဗင်တပ်အသင်း နဲ့ အင်တာအသင်းကို ပြောင်းနိုင်တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

Photo Credit: Goal

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် သြဂုတ်လ (၁၉) ရက်ကလည်း တိုက်စစ်မှူး လူကာကူကို ယူရို သန်း (၉၀) နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ တိုက်စစ်မှူး လူကာကူက အင်တာမီလန်အသင်းအတွက် အဓိက ဂိုးသွင်းစက် အဖြစ် ပြောင်းလဲလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လာမယ့် ရာသီမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးသွားမှာကြောင့် အင်တာအသင်းရဲ့ ဥက္ကဌဟောင်း ဖြစ်သူ မိုရက်တီက အင်တာမီလန်အသင်းအနေနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကြွယ်ဝမှု ရှိပါတယ်လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

Quotidiano Sportivo သတင်းမှာ မိုရက်တီက “ကျွန်တော် အခုတော့ အင်တာမီလန်အသင်းရဲ့ ပရိသတ် တစ်ဦးထက် မပိုတော့ဘူး။ ဒီတော့ ကျွန်တော် အတွင်းရေး သတင်းတွေကိုလည်း ဘာမှ မသိပါဘူး။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ အင်တာအသင်းက ကြွယ်ဝမှု နဲ့ အရည်အချင်းအရ ပြောရမယ် ဆိုရင် မက်ဆီကို ခေါ်ယူနိုင်ဖို့ ဘာမဆို ရှိနေပါတယ်။ ကျွန်တော် လူကာကူကို အမြင်မှားခဲ့ပါတယ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင် လူကာကူက ခန္စာကိုယ်ပဲ သန်မာတယ်လို့ ကျွန်တော် တွေးခဲ့ဖူးပြီး အီကာဒီကို ဆုံးရှုံးမှာ စိုးရိမ်းခဲ့ဖူးပါတယ်။ အဲဒီစိုးရိမ်းမှုတွေအစား လူကာကူက ချန်ပီယံ တစ်ဦး ဖြစ်ပြီး အသင်းကို အမြဲတမ် ကူညီတယ်၊ အမြင်ကျယ်တယ်”လို့ ပြောခဲ့ပါတယ်။