အခု ဆောင်းစျေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ရေးဗားပလိတ် လူငယ်တိုက်စစ်မှူးလေး ဂျူလီယန်အဲလ်ဗာရက်ဇ်ကို လက်ရှိမှာ စီးရီးအေ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့က ခေါ်ယူချင်နေတဲ့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ချိတ်ဆက် ဆွေးနွေးမှုေွ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
အသက်(၂၁)နှစ်အရွှယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးလေး အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား နာမည်ကြီးကလပ် ရေးဗားပလိတ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ၂၀၁၈ခုနှစ်မှာပဲ စီနီယာအသင်းအတွက် စတင်ကစားခွင့် ရရှိလာခဲ့ပါတယ်။ ၂၀၂၁ခုနှစ်တာအတွင်းမှာလည်း ရေးဗားပလိတ်အသင်းအတွက် သွင်းဂိုး(၂၂)ဂိုးထိကို သွင်းယူထားနိုင်တဲ့ အဲလ်ဗာရက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင်(၁၇)သန်းဝန်းကျင်သာ ရှိလို့နေတာမို့ ယူနိုက်တက်အပါအဝင် ဥရောပ ကလပ်အသင်းများစွာက ဒီကစားသမားလေးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
လတ်တလောမှာ အဲလ်ဗာရက်ဇ်က ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နဲ့ အဲလ်ဗာရက်ဇ်တို့ရဲ့ အပြောင်းအရွှေ့က တိုးတတ်လာခြင်း မရှိသလို ဒီစျေးကွက်ထဲမှာလည်း ခေါ်ယူဖွယ် မရှိတာကြောင့် စီးရီးအေရဲ့ မီလန်အခြေစိုက် အသင်းနှစ်သင်းဘက်ကနေ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီအခြေစိုက် နာမည်ကျော် သတင်းမီဒီယာ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေက အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်နေတဲ့အတွက် ကစားသမာအေးဂျင့်နဲ့ ချိတ်ဆက်နေသလို အေးဂျင့်ကိုယ်တိုင်ကလည်း အီတလီနိုင်ငံ မီလန်မြို့ဆီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အင်တာ အေစီအသင်းတွေဟာ ဒီနှစ်ရာသီအတွင်း အီတလီ အမှတ်ပေးဇယားအထက်မှာ ရပ်တည်နေကြတဲ့ ကလပ်အသင်းတွေ ဖြစ်နေသလို နှစ်သင်းလုံးရဲ့ တိုက်စစ်တွေကလည်း အားကောင်းလျက် ရှိနေတာကြောင့် အဲလ်ဗာရက်ဇ်ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် အသင်းတိုက်စစ်ပိုင်းက ပိုမိုအားကောင်းသွားနိုင်ပါတယ်။