နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဘရူနိုဂွီမာရေ့စ်က သူနဲ့ လက်ရွေးစင်အသင်းမှာရော အသင်းဟောင်း လိုင်ယွန်မှာပါ တွဲဖက်ကစားခဲ့ဖူးတဲ့ အရင်းနှီးဆုံးမိတ်ဆွေ လူးကပ်စ်ပါကွယ်တာနဲ့ နယူးကာဆယ်အသင်းမှာပါ တွဲဖက်ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သလို လာမယ့်စျေးကွက်ထဲမှာလည်း နယူးကာဆယ်အနေနဲ့ ပါကွယ်တာကို ခေါ်ယူသွားဖို့ ဂွီမာရေ့စ်က တိုက်တွန်းလိုက်ပါတယ်။

Instant favourite Guimaraes makes Newcastle transfer plea for 'best friend'  Lyon star Paqueta | Goal.com

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်မှာပဲ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက သွင်းဂိုး(၄)ဂိုးထိ သွင်းယူနိုင်ခဲ့သလို အသင်းကိုလည်း အမှတ်ပေးဇယား အောက်ဆုံးကနေ တန်းဆင်းအန္တရာယ်ကနေ လွတ်မြောက်သွားတဲ့အထိပါ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဘက်ကလည်း တန်းဆင်းရမယ့် အခြေအနေကနေ လွတ်မြောက်ထားခဲ့ပြီဖြစ်လို့ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ထိပါ မျှော်လင့်လာနိုင်ဖို့အတွက် စျေးကွက်ဖွင့်ချိန်အတွင်း ထိပ်တန်းကစားသမားသစ်တွေ ခေါ်ယူသွားဖို့ထိ စီစဉ်လို့နေတာ ဖြစ်ပါတယ်။

Arsenal news: Emmanuel Petit picks out the two lesser-known midfielders  Mikel Arteta should target

Photo Credit : Squawka

ဒီလို ကစားသမား အားဖြည့်မှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်အသင်းကို အသင်းရဲ့ ကွင်းလယ်လူ ဂွီမာရေ့စ်က သူရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ပါကွယ်တာကိုပါ ထည့်သွင်းခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဂွီမာရေ့စ်က “ဒါက ကျွန်တော်ရဲ့ အိမ်မက်ဖြစ်မှာပါ။ ပါကွယ်တာက ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ ကျွန်တော်တို့မှာ အရင်းနှီးဆုံး ဆက်ဆံရေးလည်း ရှိပါတယ်။ ကွင်းအတွင်းမှာသာမကပဲ ကွင်းအပြင်မှာပါ တစ်ချိန်လုံး အတူရှိနေကြတာပါ။ ကျွန်တော်တို့ရဲ့ ဇနီးမယားတွေလည်း အတူတူပါပဲ။ ကျွန်တော်တို့ကြားမှာက ညီအစ်ကိုအရင်းတွေလို ဆက်ဆံရေးမျိုးကို ရှိနေတာ။ ကျွန်တော်တို့ နေ့တိုင်းလည်း စကာတွေ ပြောနေကြတုန်းပါပဲ။ သူ ဒီကိုသာ တကယ်လာနိုင်မယ်ဆိုရင် တကယ်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားသစ် ခေါ်ယူတဲ့ အလုပ်ကိုတော့ ကျွန်တော် တစ်ယောက်တည်း မလုပ်ဆောင်နိုင်ပါဘူး” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်း ဖြစ်လို့နေတဲ့ နယူးကာဆယ်ဟာ နွေစျေးကွက်ထဲ ကစားသမား ခေါ်ယူမှုတွေကို ကြီးကြီးမားမား လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။