မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမေ့ခံ ကစားသမားတစ်ဦးဖြစ်တဲ့ ခံစစ်မှူး ဖေးလ်ဂျုံးစ်ဟာ ယူနိုက်တက် first team လေ့ကျင့်ရေးကွင်းရဲ့ dressing room ကနေ ဖယ်ရှားခံလိုက်ရပြီး ယူ-၂၃အသင်းရဲ့ dressing room ကို ပြောင်းလဲ အသုံးပြုရတော့မယ်လို့ သိရှိရပါတယ်။

Phil Jones has suffered a fresh blow in his bizarre Man Utd career

Photo Credit : The Sun

လက်ရှိ ယူနိုက်တက် ကစားသမားတွေထဲမှာ ဒေးဗစ်ဒဟေးယားနဲ့အတူ အသင်းရဲ့ သက်တော်ရှည် ကစားသမားတစ်ဦး ဖြစ်နေတဲ့ ဖေးလ်ဂျုံးစ်ဟာ ဒဟေးယားလိုတော့ အသင်းရဲ့ လူစာရင်းမှာ အမြဲတမ်းရော တစ်ခါတစ်လေတောင် ပါဝင်ကစားခွင့် မရရှိတဲ့သူ ဖြစ်ပါတယ်။ injury prone player လို့တောင် သတ်မှတ်လို့ရနိုင်တဲ့ အင်္ဂလန် ခံစစ်မှူး ဂျုံးစ်ဟာ အခုလည်း အသင်းမှာ ဆက်လက် ရှိနေရပေမယ့် အသင်းဘက်ကတော့ သူ့ကို စီနီယာအသင်းရဲ့ training ground dressing room ကနေ ယူ-၂၃အသင်းရဲ့ dressing room ကို ပြောင်းလဲခဲ့လိုက်ပြီး သူနဲ့အတူ ဘရန်ဒန်ဝီလီယံစ် တွမ်ဇီဘီတို့ကိုပါ dressing room အပြောင်းအလဲ လုပ်ဆောင်ထားခဲ့ပါတယ်။

MU Rumornya soal Cristiano Ronaldo Melulu, Apa Kabar Phil Jones?

Photo Credit : Detik Sport

ဒီလို လုပ်ဆောင်ရခြင်းဟာ အခုနှစ် နွေဈေးကွက်မှ အသင်းကို စတင် ရောက်ရှိလာခဲ့ကြတဲ့ အန်တိုနီ ကက်စီမီရို မာတီနက်ဇ် မာလာစီယာ အဲရစ်ဆင် ဒူဗရေကာတို့ကို ယူနိုက်တက် လေ့ကျင့်ရေးကွင်း ကာရင်တန်ရဲ့ dressing room မှာ နေရာပေးဖို့အတွက် ကာရင်တန်မှာလည်း ကစားသမား (၂၄)ဦးသာ အများဆုံး နေရာပေးဖို့ စီစဉ်ထားခဲ့တဲ့အတွက် အခုလို အပြောင်းအလဲ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဖေးလ်ဂျုံးစ်ဟာ ၂၀၁၁ခုနှစ်ကတည်းက ဘလက်ဘန်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အလွန်နှစ်သက်တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် သူရဲ့ ကစားသမားဘဝက အတတ်ထက် အကျပိုများခဲ့ရပြီး ဆိုးရွှားလွန်းလှတဲ့ ဒဏ်ရာပြသာနာတွေကြောင့် ကစားသမားဘဝ အဆုံးသတ်လုနီးပါးပါ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျုံးစ်ဟာ နောက်ဆုံး(၄)ရာသီအတွင်း ယူနိုက်တက်အသင်းအတွက် (၁၃)ပွဲသာ ကစားခဲ့ရပြီး လက်ရှိမှာလည်း သူရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်(၁)ရက်နေ့မှာပဲ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာလည်း ဗာရန်းနဲ့ ကစားသမားသစ် မာတီနက်ဇ်တို့က အတွဲအဖက်မိနေတာကြောင့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ပါ နေရာပျောက်နေရချိန်ဖြစ်လို့ ဂျုံးစ်အနေနဲ့ အသင်းအတွက် ပါဝင်ကစားရဖို့က မျှော်လင့်ချက် နည်းပါးနေရပြီး ပြည်တွင်းရှုံးထွက်ပွဲတွေနဲ့ ယူရိုပါလိဂ် ပွဲစဉ်တချို့မှာသာ နည်းပြတတန်ဟက်ဂ်က ဂျုံးစ်က်ို ပွဲကစားခွင့် ပေးမလားဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။