ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဝါရင့္ေတာင္ပံကစားသမားႀကီး အက္ရွ္ေလယန္းကုိ ယူႏုိက္တက္ဘက္ကေန စာခ်ဳပ္သစ္ကမ္းလွမ္းဖုိ႔ ႀကိဳးပမ္းခဲ႔ေပမယ့္လည္း ယန္းက ဒီကမ္းလွမ္းမႈကုိ ျငင္းဆန္ခဲ႔သလုိ သူရဲ႕အသင္းေဖာ္ေဟာင္း လူကာကူရွိရာ အင္တာမီလန္အသင္းဆီကုိ ရာသီအကုန္မွာ ေျပာင္းေရႊ႕ကစားဖုိ႔ေတာင္ အႀကိဳသေဘာတူညီမႈပင္ ရရွိထားခဲ႔ၿပီးၿပီလုိ႔ သတင္းထြက္လာခဲ႔ပါတယ္။ ဒီသတင္းေတြ ထြက္ေပၚၿပီးေနာက္မွာ ယူႏုိက္တက္အသင္း သူတုိ႔ရဲ႕အငွားခ်ထားတဲ႔ လူငယ္ေနာက္ခံအစြန္လူ ေဘာ့ဝစ္ခ္ဂ်က္ဆင္ကုိ အငွားခ်ထားတဲ႔အသင္းကေန ျပန္လည္ေခၚယူခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၂၂ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ဘယ္ေနာက္ခံကစားသမားေလး ေဘာ့ဝစ္ခ္ဂ်က္ဆင္ဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕အကယ္ဒမီမွာ အသက္ငယ္စဥ္ကတည္းက တတ္ေရာက္ခဲ႔သူျဖစ္ၿပီး နည္းျပေဟာင္း လူးဝစ္ဗန္ဟားလက္ေအာက္မွာ သူရဲ႕စီနီယာကစားသမားဘဝကုိ စတင္ခဲ႔ရတာျဖစ္ပါတယ္။ ဒီကစားသမားေလးကုိ ၿပီးခဲ႔တဲ႔ စက္တင္ဘာလတုန္းက ထရမ္းမဲလ္အသင္းဆီ တစ္ရာသီအငွားနဲ႔ ပုိ႔ေဆာင္ထားခဲ႔တာျဖစ္ေပမယ့္လည္း အဲ႔ဒီအသင္းမွာ ပုံမွန္ကစားခြင့္ေတြ မရရွိခဲ႔ပဲ ရာသီဝက္အတြင္း ၿပိ္ဳင္ပြဲစုံ၆ပြဲပဲ ကစားခဲ႔ရတာေၾကာင့္ သူ႔ကုိ ယူႏုိက္တက္အသင္းကေန အခုလုိ ျပန္လည္ေခၚေဆာင္ခဲ့ရတာျဖစ္ၿပီး ဒါကုိ ထရမ္းမဲလ္အသင္းဘက္ကေနလည္း တရားဝင္ထုတ္ျပန္ေၾကညာသြားခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၆ႏွစ္သားအရႊယ္ကတည္းက ယူႏုိက္တက္အကယ္ဒမီမွာ တတ္ေရာက္ခဲ႔တဲ႔ ေဘာ့ဝစ္ခ္ဂ်က္ဆင္ဟာ သူရဲ႕ကစားသမားဘဝ ေတာ္ေတာ္မ်ားမ်ားကုိ အသင္းအမ်ားစုမွာ အငွားကစားသမားအျဖစ္ က်င္လည္ရင္း ျဖတ္သန္းခဲ႔ရကာ ဝုလ္ဗ္ လိဒ္ယူႏုိက္တက္ စကန္ေသာ့အသင္းေတြမွာ အငွားနဲ႔ သြားေရာက္ကစားခဲ႔ပါတယ္။ လက္ရွိမွာလည္း သူေဆာ့ကစားတဲ႔ ဘယ္ျခမ္းမွာ လုခ္ေရွာနဲ႔ ဘရန္ဒန္ဝီလီယံစ္တုိ႔က ႀကံခုိင္မႈအျပည့္နဲ႔ ရွိေနတာေၾကာင့္ အသင္းမွာ ေနရာရႏုိင္ဖုိ႔က မလြယ္ကူေသးေပမယ့္ လူငယ္ကစားသမားေတြကုိ ေနရာေပးလွည့္ရွိတဲ့ ဆုိးလ္ရွားလက္ေအာက္မွာေတာ့ ကစားခြင့္အနည္းငယ္ေလာက္ ရရွိႏုိင္ဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ လက္ရွိ ယူႏုိက္တက္အသင္းရဲ႕ခံစစ္ပုိင္းမွာ ဒဏ္ရာျပသာနာေတြ အေတာ္ေလးေဖာင္းပြေနခဲ႔တာေၾကာင့္ ေနရာစုံကစားတတ္တဲ႔ ဂ်က္ဆင္အတြက္ အခြင့္အေရးေကာင္းတစ္ခု ျဖစ္လာႏုိင္ၿပီး အသင္းကေန အက္ရွ္ေလယန္း ထြက္ခြာသြားခ်ိန္မွာ ပြဲထြက္ကစားခြင့္ေတြ ရရွိလာႏုိင္ပါတယ္။

(Unicode)

အက်ရှ်လေယန်းကြောင့် အငှားချထားတဲ့ ကစားသမားကို ပြန်ခေါ်ခဲ့ရတဲ့ ယူနိုက်တက်

ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်တောင်ပံကစားသမားကြီး အက်ရှ်လေယန်းကို ယူနိုက်တက်ဘက်ကနေ စာချုပ်သစ်ကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ယန်းက ဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို သူရဲ့အသင်းဖော်ဟောင်း လူကာကူရှိရာ အင်တာမီလန်အသင်းဆီကို ရာသီအကုန်မှာ ပြောင်းရွှေ့ကစားဖို့တောင် အကြိုသဘောတူညီမှုပင် ရရှိထားခဲ့ပြီးပြီလို့ သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ ယူနိုက်တက်အသင်း သူတို့ရဲ့အငှားချထားတဲ့ လူငယ်နောက်ခံအစွန်လူ ဘော့ဝစ်ခ်ဂျက်ဆင်ကို အငှားချထားတဲ့အသင်းကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘယ်နောက်ခံကစားသမားလေး ဘော့ဝစ်ခ်ဂျက်ဆင်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့အကယ်ဒမီမှာ အသက်ငယ်စဉ်ကတည်းက တတ်ရောက်ခဲ့သူဖြစ်ပြီး နည်းပြဟောင်း လူးဝစ်ဗန်ဟားလက်အောက်မှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပါတယ်။ ဒီကစားသမားလေးကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထရမ်းမဲလ်အသင်းဆီ တစ်ရာသီအငှားနဲ့ ပို့ဆောင်ထားခဲ့တာဖြစ်ပေမယ့်လည်း အဲ့ဒီအသင်းမှာ ပုံမှန်ကစားခွင့်တွေ မရရှိခဲ့ပဲ ရာသီဝက်အတွင်း ပြိ်ုင်ပွဲစုံ၆ပွဲပဲ ကစားခဲ့ရတာကြောင့် သူ့ကို ယူနိုက်တက်အသင်းကနေ အခုလို ပြန်လည်ခေါ်ဆောင်ခဲ့ရတာဖြစ်ပြီး ဒါကို ထရမ်းမဲလ်အသင်းဘက်ကနေလည်း တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၆နှစ်သားအရွှယ်ကတည်းက ယူနိုက်တက်အကယ်ဒမီမှာ တတ်ရောက်ခဲ့တဲ့ ဘော့ဝစ်ခ်ဂျက်ဆင်ဟာ သူရဲ့ကစားသမားဘဝ တော်တော်များများကို အသင်းအများစုမှာ အငှားကစားသမားအဖြစ် ကျင်လည်ရင်း ဖြတ်သန်းခဲ့ရကာ ဝုလ်ဗ် လိဒ်ယူနိုက်တက် စကန်သော့အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ လက်ရှိမှာလည်း သူဆော့ကစားတဲ့ ဘယ်ခြမ်းမှာ လုခ်ရှောနဲ့ ဘရန်ဒန်ဝီလီယံစ်တို့က ကြံခိုင်မှုအပြည့်နဲ့ ရှိနေတာကြောင့် အသင်းမှာ နေရာရနိုင်ဖို့က မလွယ်ကူသေးပေမယ့် လူငယ်ကစားသမားတွေကို နေရာပေးလှည့်ရှိတဲ့ ဆိုးလ်ရှားလက်အောက်မှာတော့ ကစားခွင့်အနည်းငယ်လောက် ရရှိနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ ယူနိုက်တက်အသင်းရဲ့ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေ အတော်လေးဖောင်းပွနေခဲ့တာကြောင့် နေရာစုံကစားတတ်တဲ့ ဂျက်ဆင်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပြီး အသင်းကနေ အက်ရှ်လေယန်း ထွက်ခွာသွားချိန်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိလာနိုင်ပါတယ်။